သရုပ်ဆောင် စိုးနန္ဒကျော်က သူခံယူထားတဲ့ ဘ၀အဓိပ္ပာယ်ကို အခုလို ဖွင့်ဟသွားပါတယ်။“ဘ၀ဆိုတဲ့အရာကို ညီမ လက်ခံထားတာကတော့ ကိုယ်တိုင်ရေးဆွဲရတဲ့ ပန်းချီကားကြီး တစ်ချပ်လို့ပဲ ထင်တယ်။ ကိုယ်လုပ်သမျှ တစ်နေ့မှာတော့ ကိုယ့်နာမည်နဲ့ ကျန်ရစ်သွားမယ်လို့ ထင်တယ်။ ဒါကြောင့် ညီမက ကိုယ့်ဘာသာကိုယ် အကောင်းဆုံးနေတယ်။ ဘယ်တော့မှ လွယ်လွယ်နဲ့ အလျှော့မပေးဘူး။ ဘယ်ကိစ္စမဆိုပေါ့။ ကိုယ်ဖြစ်ချင်တဲ့ အရာကို အတတ်နိုင်ဆုံး ဖြစ်လာအောင် ဖန်တီးတယ်။ အကယ်၍ မဖြစ်လာဘူးဆိုလည်း သိပ်ခံစားမနေဘူး။ ဘ၀ဆိုတဲ့အရာက ရိုးရှင်းပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဗွီဒီယိုကားရိုက်လို့ အလုပ်များ နေပေမယ့် သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်သီချင်း အခွေအတွက်လည်း ထွက်နိုင်အောင် ကြိုးစားနေပါတယ်။
Source:messengernewsjournal.com
0 comments:
Post a Comment