ကေအိုင်အေ(ကချင်)အဖွဲ့မှ ဌေးမြန်မာ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်းရှိ အဆောက်အအုံ များနှင့်ယာဉ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီး



နေပြည်တော်၊ အောက်တိုဘာ ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဟွေဆိုင်းမှော်ရှိ နိုင်ငံတော်နှင့် အကျိုးတူ ဆောင်ရွက်လျက်ရှိသော ဌေးမြန်မာ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်း အောက်တိုဘာ ၇ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် ကေအိုင်အေ (ကချင်)အဖွဲ့မှ အရပ်ဝတ်များ ၀တ်ဆင်ထားသည့် အင်အား ၁၂ ဦးမှ ဆိုင်ကယ်ခုနစ်စီးဖြင့် လက်နက်များ ကိုင်ဆောင်ရောက်ရှိလာပြီး ကုမ္ပဏီပိုင်ရှင် ဦးဌေးလွင်၏ ညီဖြစ်သူ ဦးဟန်လွင်နှင့် ကုမ္ပဏီဝန်ထမ်း ၁၅ ဦးအား မြေပြင်ပေါ်သို့မှောက်ခိုင်း၍ ခေါင်းဆောင်ဟုယူဆရသူမှ ဦးဟန်လွင်၏ ၀ဲဘက်ချိုစောင်းအား သေနတ်ဒင်ဖြင့်လည်းကောင်း၊ ၀ဲဘက်ခြေထောက်အား သံပိုက်လုံးဖြင့် လည်း ကောင်းရိုက်နှက်ခဲ့သဖြင့် ထိခိုက်ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့သည်။

ထို့နောက် ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် ကုမ္ပဏီလုပ်ကွက်အတွင်းရှိ အဆောက်အအုံများနှင့် လုပ်ငန်းသုံးယာဉ် များအား ၎င်းတို့ အသင့်ယူဆောင်လာသည့် ဓာတ်ဆီပုံးများဖြင့် ပက်ဖျန်း၍ လက်လုပ်ဗုံးငါးလုံးဖြင့် ပစ်ပေါက်မီးရှို့ခဲ့ပြီး ကုမ္ပဏီဝင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

အဆိုပါ မီးလောင်သည့်နေရာသို့ တာမခန် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်တစ်စီး၊ နတ်ရေတောင် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးခန့်၊ ဒေသခံပြည်သူများနှင့် ကုမ္ပဏီ ၀န်ထမ်းများ ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် ၀န်ထမ်းဆောင် တစ်လုံး၊ ဂိုဒေါင်သုံးလုံး၊ ၀န်ထမ်းအိမ်ထောင်သည် နေအိမ်လိုင်းခန်း တစ်လုံး၊ ရှင်းလင်းဆောင် တစ်လုံး၊ ဘတ်ဟိုးယာဉ် သုံးစီး၊ မြေသယ်ယာဉ် ငါးစီး၊ လူစီးယာဉ် လေးစီးတို့ ပျက်စီးဆုံးရှုံးခဲ့သည်။

ကေအိုင်အေ(ကချင်)အဖွဲ့ အနေဖြင့် ကချင်ပြည်နယ်အတွင်း စစ်ရေးနှင့်မသက်ဆိုင်သည့် နေရာများအား အကြောင်းမဲ့ တိုက်ခိုက်ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား အနိုင်ကျင့်ဗိုလ်ကျခြင်းများ၊ အထူးသဖြင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအား ခြိမ်းခြောက်ချုပ်ကိုင်လိုခြင်းတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment