အကယ်ဒမီကို တစ်ဆုချင်းအလိုက်သက်ဆိုင်ရာအနုပညာရှင်များက တိုက်ရိုက်ရွေးချယ်တော့မည်


၂၀၁၄အတွက် ချီးမြှင့် မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ဆုအလိုက် သက်ဆိုင်ရာအနုပ ညာရှင်၊ အတတ်ပညာရှင်များက တိုက်ရိုက် ရွေးချယ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

‘‘ဒါရိုက်တာက ဒါရိုက်တာ ဆုအတွက် ပေးရမယ်။ ဇာတ်ညွှန်း က ဇာတ်ညွှန်းဆုအတွက်ပေးရ မယ်။ သရုပ်ဆောင်ဆိုရင် နှစ်ခုရှိ မယ်။ အဓိကသရုပ်ဆောင်ကျား၊ မနဲ့ ဇာတ်ပို့သရုပ်ဆောင်ကျား၊မ ဆုလေးဆုရွေးပေးရမယ်။ ကျန်တဲ့ အဖွဲ့တွေလည်း ဒီလိုပဲရွေးရမယ်။ အဲဒီအဖွဲ့ခုနစ်ဖွဲ့က သက်ဆိုင်တဲ့ ဆုအတွက် ပေးပြီးရင် ဇာတ်ကား ဆုအတွက်အကုန်လုံးက ၀ိုင်းပေး ရမယ်’’ဟု ဆုရွေးချယ်ရေးနှင့်ပတ် သက်၍ ဦးအေးကြူလေးကပြော သည်။

အဆိုပါရုပ်ရှင်ထူးချွန်ဆု စိ စစ်အကဲဖြတ်ရေးအဖွဲ့ကို စက် တင်ဘာ ၁၃ရက်ကစတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပြီး ရုပ်ရှင်အလွှာစုံမှ အ နုပညာရှင်၊ အတတ်ပညာရှင် ၄၃ ဦးပါဝင်ကာ ဒါရိုက်တာ၊ သရုပ် ဆောင်၊ ဓာတ်ပုံ၊ အသံ၊ တည်း ဖြတ်၊ ဇာတ်ညွှန်း၊ တေးဂီတအဖွဲ့ များခွဲကာရွေးချယ်သွားမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးအေးကြူလေးက ပြော သည်။

ယခင်နှစ်များကကဲ့သို့ပထ မအဆင့်နှင့် ဒုတိယအဆင့်ရွေး ချယ်ရေးအဖွဲ့များဖွဲ့စည်းမည်မ ဟုတ်ဘဲ အထက်ပါစိစစ်အကဲ ဖြတ်အဖွဲ့ကသာ ၂၀၁၄အတွက် ထူးချွန်ဆုများကိုရွေးချယ်ပေးမည်ဟုဆိုသည်။


ဒါရိုက်တာထူးချွန်ဆုရွေး ချယ်သည့်အဖွဲ့တွင် ၀ါရင့်ဒါရိုက် တာများဖြစ်သည့် ပန်းချီစိုးမိုး၊ ဦး နှင်းဦး၊ ဦးမောင်မောင်မြင့်တို့အပါ အ၀င် စုစုပေါင်းခုနစ်ဦးပါဝင်မည် ဖြစ်ပြီး သရုပ်ဆောင်ထူးချွန်ဆုရွေး ချယ်သည့်အဖွဲ့တွင်လည်းဝါရင့် သရုပ်ဆောင်များဖြစ်သည့် နေ အောင်၊ လွင်မိုး၊ မြင့်မြင့်ခင်၊ ဆွေ ဇင်ထိုက်တို့အပါအ၀င်ခုနစ်ဦးက အကဲဖြတ်ရွေးချယ်ပေးမည်ဖြစ် ကာ အခြားထူးချွန်ဆုများအတွက် သက်ဆိုင်ရာပညာရှင်အသီးသီးကရွေးချယ်မည်ဖြစ်သည်။

ယခုနှစ်ထူးချွန်ဆုပေးပွဲကို ၂၀၁၄နှင့် ၂၀၁၅များအတွက် ၂နှစ်ပေါင်းကာ ထူးချွန်ဆုချီးမြှင့်ပေးရန်စီစဉ်ထားပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၁၆ မတ်လခန့်တွင် ကျင်းပနိုင်ရန် ရည်ရွယ်ထားကြောင်း သတင်းရရှိသည်။

၂၀၁၃အတွက် ရုပ်ရှင်ထုး ချွန်ဆုပေးပွဲအခမ်းအနားကို မြန် မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦး ဆောင်၍ ပထမဆုံးအကြိမ်ကျင်း ပခဲ့ရာ အတတ်ပညာပိုင်းဆိုင်ရာ ဆုများပေးအပ်နိုင်ခဲ့ခြင်းမရှိသော ကြောင့် ဝေဖန်ခံခဲ့ရသည်။

7daydaily

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment