သမ္မတကိုယ်တိုင်က တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် ခိုင်းသည့် နေပြည်တော်ကောင်စီဝင် ဦးမျိုးညွှန့်က အနိုင်ရရှိရန် သေချာဟု ဆို


 နိုင်ငံတော် သမ္မတ၏ လမ်းညွှန်မှုကြောင့် နေပြည်တော် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၀ ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးမျိုးညွန့်သည် သာမာန် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးတော့ မဟုတ်ပေ။ သူသည် သမ္မတ၏ ခန့်အပ်မှုဖြင့် နေပြည်တော်ကောင်စီ တွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့သူဖြစ်သည်။

“ နိုင်ငံတော်သမ္မတ ကိုယ်တိုင်က ဦးကို ၀င်ပြီး အရွေးခံခိုင်းတာလေ။ ဘာကြောင့် တာဝန်ပေးလဲဆိုရင် ဦးက စစ်ဘက်မှာလည်း လုပ်ခဲ့ ရတယ်။ ကောင်စီ (နေပြည်တော်) မှာလည်း ဦးပါတယ်” ဟု ဦးမျိုးညွန့်က ပျဉ်းမနားမြို့ နယ် မဲဆွယ်ခရီးစဉ်တွင် ပြောကြားခဲ့သည်။

နေပြည်တော်ကောင်စီဝင်အဖြစ် သမ္မတက တိုက်ရိုက်ခန့်အပ်ခံရသူဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု မဟုတ်ဘဲ တစ်သီးပုဂ္ဂလအဖြစ် ပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။

နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသော နေပြည်တော်ကောင်စီ၏ ဘတ်ဂျက်တောင်းခံမှုများကို လွှတ်တော်က ဖြတ်တောက်ခဲ့သော်လည်း မြို့နေလူထုအား နှစ်စဉ် ထောက်ပံ့ပေးအပ်မှု အများအပြား ပြုလုပ်နိုင်ခဲ့သည်ဟု သူက ဆိုသည်။

ဦးမျိုးညွန့်၏ အဆိုအရ လယ်ဝေး၊ ပျဉ်းမနား၊ ဇမ္ဗူ သီရိနှင့် ဒက္ခိဏသီရိ မြို့နယ်များတွင် ပညာရေးကဏ္ဍအတွက် ကျပ် ၄.၃ ဘီလီယံ၊ ကျန်းမာရေး ကဏ္ဍအတွက် ကျပ် ၄.၅ ဘီလီယံ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍအတွက် ကျပ် ၆၇.၇ ဘီလီယံနှင့် လျှပ်စစ်မီးရရှိရေးအတွက် ကျပ် ၆ ဘီလီယံ အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုသို့ဆောင်ရွက်ခြင်းများ မှာ နိုင်ငံတော် ဘဏ္ဍာငွေ ဖြင့် ဖြစ်သည်။

ဦးမျိုးညွန့်၏ မဲဆွယ်လက်ကမ်းစာစောင်တွင် ၂၀၁၅ မိုးရာသီ စပါးစိုက်ပျိုးမှု အတွက် ချေးငွေကျပ် ၃၃.၉ ဘီလီယံကျော် ရရှိရန် ဆောင်ရွက်ပေးခဲ့သည် ဟု ဖော်ပြ ထားသည်။

ဦးမျိုးညွန့်က နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် အနိုင်ရရန် ယုံကြည်မှုရှိသည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ နေပြည်တော် ကောင်စီဝင်အဖြစ် တာဝန် ထမ်းဆောင်သည့် ကာလအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ခြင်း၊ ရပ်ကွက်ကျေးရွာများသို့ အားလပ်ချိန်တိုင်း သွားရောက်ခဲ့သည့်အတွက် မဲဆွယ်ရန်ပင် မလိုအပ်ကြောင်း အနိုင်ရမည်ဖြစ်ကြောင်းဟု ယင်းက ပြောကြားခဲ့သည်။

“နိုဝင်ဘာ ၇ ရက်နေ့မှ ဒီနယ်မှာ ကျွန်တော့် မျက်နှာပြရင်တောင် လူတွေက ကျွန်တော့်ကို သေချာပေါက် မဲပေးမှာပါ” ဟု ဦးမျိုးညွန့်က ပြောကြားခဲ့သည်။

အချိန်တန်ပါက ပြည်ခိုင်ဖြိုးပါတီသို့ ပြန်ကာ ရာထူးကြီးကြီးဖြင့် တာဝန်ထမ်းဆောင်မည်ဟု ဦးမျိုးညွန့်က ပြောကြားခဲ့သေးသည်။ “ဒီအချိန် ဒီကာလ ပါတီ အနေအထားကြောင့် တစ်သီးပုဂ္ဂလ ဖြစ် သွားတာ။ ပြောချင်တာက တစ်ချိန်ကျရင် ပါတီကို ပြန်မှာပါ။ ရာထူးကြီးကြီး နေရာကို ယူပြီးတော့ တာဝန်ပြန် ထမ်းဆောင်မယ်” ဟု ဦးမျိုးညွန့်က ပြောကြားသည်။

ဦးမျိုးညွန့်က ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါက ဗုဒ္ဓဘာသာပြန့် ပွားရေးနှင့် နေပြည်တော်ရှိ အခြေခံလူတန်းစားများအား လူလတ်တန်းစားများ အဖြစ် တိုးမြှင့်နိုင်ရေး လုပ်ဆောင်ပေးသွားမည် ဟု ပြောကြားသည်။

THTun
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment