ဂျပန်နိုင်ငံမှ ပညာရှင်တစ်ဦးသည် အရေဟြးပေါ်တွင် မိတ်ကပ်ပညာဖြင့် ဆေးရောင်ခြယ်နည်းကို အသုံးပြုပြီး ထိတ်လန့်စရာများ ဖန်တီးခဲ့သည်။ Zombie ပုံစံများအပြင် သရဲများနေ့တွင် ထိတ်လန့်စရာအဖြစ် မြင်တွေ့ရမည့် ပုံစံများကို ပြုလုပ်ခဲ့သည်။ အမျိုးသမီးတစ်ဦးသည် မျက်လုံး (၄) လုံး ပါဝင်နေသလို အမျိုးသားတစ်ဦး၏ ဗိုက်မှာလည်း ပေါက်ကွဲထွက်နေသည့် ပုံစံမျိုး ဖြစ်နေသည်။ ထို့ပြင် လက်ကို စက်ရုပ်ပုံစံဖြစ်အောင် ပြုလုပ်ထားပြီး ဓာတ်ခဲနှစ်လုံး ထည့်သွင်းသည့် ပုံစံဖန်တီးခဲ့သည်။ ပါးပြင်တွင် ပါးစပ်ပေါက်ရောက် ရှိနေခြင်း၊ နောက်ကျောတွင် ဇစ်များတပ်ဆင်ထားခြင်း စသည့် မြင်ကွင်းစုံကို တွေ့မြင်ရမည် ဖြစ်သည်။ယင်းသို့ ပြုလုပ်နိုင်ရန်အတွက် အချိန်များစွာ ယူခဲ့ရသည်။ အရေဟြးပေါ်တွင် မည်သည့် ဒစ်ဂျစ်တယ် ပစ္စည်းကိုမျှ အသုံးပြုခြင်းမရှိဘဲ ဖန်တီးခဲ့ခြင်း ဖြစ်သောကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။
ယင်းကို ဖန်တီးခဲ့သူမှာ အသက် (၁၉) နှစ်သာ ရှိသေးသည် ဂျပန်နိုင်ငံသူ ဟီကာယူချို ဖြစ်သည်။ ဟီကာယူချိုမှာ ကိုယ်ခန္ဓာတွင် ဆေးရောင်ခြယ်ခြင်း ပြုလုပ်ရာတွင် အလွန်ထူးချွန်သူ ဖြစ်သည်။ ထူးခြားသော ဒီဇိုင်းများကို နာရီပေါင်းများစွာ အချိန်ယူလေ့ ရှိသည်။ ထို့ကြောင့် ယင်း၏ ဒီဇိုင်းများမှာ လူမှုကွန်ရက်တွင် ကျော်ကြားလာခဲ့ပြီး ဒေးလီးမေးလ် သတင်းစာတွင် ဖော်ပြခြင်း ခံခဲ့ရသည်။ ဟီကာယူချို အနုပညာ တက္ကသိုလ်တွင် ပထမနှစ် တက်ရောက် သင်ကြားနေသူလည်း ဖြစ်သည်။
Source..messengernewsjournal.com
0 comments:
Post a Comment