ပုပ်ဖရန်ဆစ် မျက်နှာပုံဖြင့် ပီဇာမုန့်တစ်ခု ထုတ်လုပ်



အမေရိကန်ပြည်ထောင်စု နယူးယောက်မှ ပီဇာဆိုင်တစ်ခုသည် ပုပ်ရဟန်းမင်းကြီးအား ရည်ရွယ်ပူဇော်သည့် သဘောဖြင့် ချိစ်နှင့် အခြားအဆာများ၊  ဟင်းရွက်များ ပါဝင်သော ပီဇာမုန့် တစ်ခုကို ပုပ်ဖရန်ဆစ် မျက်နှာပုံဖြင့် ဖန်တီးခဲ့ကြောင်း သိရသည်။
      အဆိုပါဆိုင်မှာ Bleeker Street Pizza ဆိုင်ဖြစ်ပြီး ဆလီဟတ်ခ်ျနှင့် သူငယ်ချင်းတစ်ဦးမှာ ပုပ်၏မျက်နှာအား ပီဇာပေါ်တွင် ပုံဖေါ်ပြီး ဖန်တီးရန် အကြံရခဲ့ကာ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည် ။ ပါဝင်ပုံဖေါ်ခဲ့သည့် အမယ်များတွင် မိုဇာရယ်လာချိစ်၊ ခရမ်းချဉ်သီးများ၊ ငရုတ်ကောင်းများ၊ အန်ခိုဗီငါးများဖြင့် တန်ဆာဆင်ထားခြင်း ဖြစ်သည်။ စားဖိုမှူး ဆလီဟတ်ခ်ျက ပုပ်ရဟန်းမင်းကြီးသည် ပြည်သူများ၏ ပုပ်ဖြစ်ပြီး ယင်းအတွက် ထိုပီဇာမုန့် ဖြင့် ၎င်းကြိုက်တတ်သည့် လက်ဆောင်အဖြစ် ပေးရခြင်း ဖြစ်ကြောင်းဆိုသည်။
      “နယူးယောက်တိုင်းမ် စကွဲယားရင်ပြင်မှ Buca Di Beppo စားသောက်ဆိုင်မှာလည်း ပုပ်ရဟန်းမင်းကြီး၏ ဂရုစိုက်မှုရရန် အတွက် ပုပ်စီးလေ့ရှိသော Fiat 500 ကားရပ်ရန် နေရာတစ်ခုကိုလည်း သီးခြားဖန်တီးကာ ဂုဏ်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါနေရာကို  Reserved for Popemobile ဟု ရေးသားထားပြီး ထိုနေရာတွင် ကားရပ်မိပါက မယ်တော်မာရီ ကောင်းချီးပေးမည် ဖြစ်ကြောင်းလည်း ဂုဏ်ယူစွာ ဖေါ်ပြထားသည်။                            
Source:UPI
http://www.messengernewsjournal.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment