ကမ္ဘာ့အရပ်အရှည်ဆုံး စုံတွဲ




လင်မယား ၂ ယောက်ပေါင်း ရင် အရပ် ၁၃ ပေ ၊ ၁၀.၇၂ လက်မ ရှည်တဲ့ ကမ္ဘာ့အရပ်အရှည်ဆုံး စုံတွဲတစ်တွဲပေါ်ထွက်လာပါတယ်။

ဘေဂျင်းမှာနေထိုင်ကြတဲ့ Sun Ming နဲ့ Xu Yan တို့ လင်မယား ဟာ ၂၀၁၆ ခုနှစ်အတွက် ကမ္ဘာ့ ဂရင်းနစ် စံချိန်မှာ ကမ္ဘာ့အရပ်အရှည်ဆုံးစုံတွဲတွေ အဖြစ် မှတ်တမ်း ၀င်သွားခဲ့ပါပြီ။ သူတို့ ၂ ယောက်ဟာ အရင်တုန်းက စံချိန်တင်ထားတဲ့ စုံတွဲကို ၄.၈၇ စင်တီမီတာ အသာနဲ့ အနိုင်ရရှိသွားတာပါ။

Sun Ming ဟာ အရပ် ၇ပေ ၊ ၈.၉ လက်မ ရှည်ပြီး သူ့ရဲ့ ဇနီးသည် Xu Yan ကတော့ အရပ် ၆ ပေ ၁.၇ လက်မ ရှည်ပါတယ်။ သူတို့ လင်မယား ၂ ယောက် ၀န်ခံထားတာကတော့ သူတို့ ၂ ယောက်ဟာ ဘတ်စ်ကား ၊ လေယာဉ် ၊ ရထားတို့ စီးတဲ့အခါမှာ သူတို့ရဲ့ အရပ်ရှည်မှု ကြောင့် အခက်အခဲ တွေ ဖြစ်ခဲ့တယ်ဆိုတာကို ၀န်ခံထားပါတယ်။

သူတို့ ၂ ယောက်လုံးဟာ အားကစား သမား တွေဖြစ်ကြပြီး Sun ကတော့ ဘတ်စကတ်ဘော ကစားသမား ဖြစ်ကာ ၊ Xu ကတော့ ဟန်းဘော ကစားပါတယ်။ သူတို့ ၂ယောက်ဟာ ၂၀၀၉ ခုနှစ်က တရုတ် အမျိုးသား အားကစား ပြိုင်ပွဲမှာ စတင်ဆုံးဆည်းခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

"ကျွန်မဟာ အရင်ကတည်းက ကျွန်မ ထက် အရပ်ရှည်တဲ့သူကိုပဲ လက်ထပ်ချင်ခဲ့တာပါ။ အခုတော့ ကျွန်မ ထက်အရပ်ရှည်တဲ့ ကျွန်မ ရဲ့ လက်တွဲဖော်ကို တွေ့ရှိခဲ့ပါပြီ" လို့ Xu Yan က ဆိုပါတယ်။

( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment