စိတ်စွဲလမ်းမှုကို လွယ်လွယ်နှင့် ပြောင်းမရကြောင်း ကာကွယ်ရေး ၀န်ကြီးဟောင်းပြော




အ၀တ်အစား ပြောင်းလဲ ၀တ်ဆင်ရာတွင် လွယ်ကူသော်လည်း စိတ်စွဲလမ်းမှုကို လွယ်လွယ်နှင့် ပြောင်းလဲ၍ မရကြောင်း ကာကွယ်ရေး ၀န်ကြီးဟောင်းဖြစ်သူ ဦးဝေလွင်က ပြောကြားလိုက်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားပြုပြီး နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် ကာကွယ်ရေး ၀န်ကြီးဟောင်း ဦးဝေလွင်က ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ် အတွင်းရှိ အောင်သုခ ကျေးရွာတွင် မဲဆွယ် စည်းရုံးစဉ် ကာလအတွင်း တိုင်းပြည် အခြေအနေသည် နောက်ကြောင်း ပြန်လှည့်နိုင်မည် ဆိုသည့် ကြံ့ခိုင်ရေး ပါတီအား ဝေဖန် ပြောကြားချက်နှင့် ပတ်သက်ပြီး ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အ၀တ်အစား ပြောင်းရတာ လွယ်တယ်။ အ၀တ်အစားလေး ရုပ်ဝတ္ထူပစ္စည်းကို ပြောင်းရတာ လွယ်တယ်။ သို့သော်လည်း ပြောင်းဖို့ ခက်တာက စိတ်ထဲမှာ အများကြီး စွဲလမ်းနေတဲ့ ကိစ္စလေးတစ်ခုကို ပြောင်းလဲရတဲ့အခါ လွယ်လွယ်လေးနဲ့ ပြောင်းလဲလို့ မရဘူး။ အရိုးစွဲနေတဲ့ ကာလတွေ ကြာလာလေလေ၊ ချက်ချင်း ပြောင်းလဲနိုင်ဖို့ အချိန်ကာလ ကြာလာလေလေ ဖြစ်တယ်။ ချက်ချင်း နတ်ရေကန်ထဲချပြီး ပြောင်းလဲမှ ဖြစ်မှာ'' ဟု ဦးဝေလွင်က ပြောသည်။

တိုင်းပြည် အခြေအနေမှာ ပြောင်းလဲမှုကို စိတ်ထဲတွင်ရှိပြီး လူသည် မိမိဖြစ်ချင်သည့် ကိစ္စကို ဆန္ဒနှင့် ဘ၀ကို ချင့်ချိန် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

''လူဆိုတာ တည်ဆောက်ရတဲ့ အလုပ်ကို လုပ်ရတာ အချိန် အများကြီးကြာတယ်။ အိမ်တစ်အိမ်ကို တစ်နှစ် အတွင်းမှာ ဆောက်ဖို့ဆိုတာ အချိန်ပေးရတယ်။ ဒါ ကြောင့်မို့ ပြုပြင်ပြောင်းလဲမှု ဆိုတာကို မလုပ်တာ မဟုတ်ဘူး။ လုပ်တယ်။ အဲဒီလို လုပ်တဲ့အခါမှာလည်း လွယ်လွယ်ကူကူ လုပ်လို့ရတာ မဟုတ်ဘူး။ အခက်အခဲတွေ ရှိတယ်။

အတားအဆီး အပိတ်အဆို့တွေထဲကနေ လုပ်နေရတာ။ တစ်ဖက်ကလည်း ဆန္ဒစောတဲ့ သူတွေက ပြောင်းလဲချိန်တန်ပြီလို့ ပြောကြတယ်။ ဆန္ဒကို ဦးစားပေးလွန်းတော့ တကယ် မလိုအပ်သေးဘဲနဲ့ ဆန္ဒစောသလို ဖြစ်နေတယ်။ ဒါကို ချင့်ချိန်ပြီး ဆောင်ရွက်နေတာ ကျွန်တော်တို့ ပါတီဖြစ်ပါ တယ်'' ဟု ကာကွယ်ရေး ၀န်ကြီးဟောင်း ဖြစ်သူ ဦးဝေလွင်က ဆိုသည်။

တပ်မတော်တွင် နှစ်ပေါင်း (၄၀) ကြာ တာဝန် ထမ်းဆောင်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဝေလွင်သည် ဧရာဝတီတိုင်း ဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ယိုးဒယား တက်ကျေးရွာ ဇာတိဖြစ်ပြီး၊ ယခုလက်ရှိအချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ၀င်ရောက် အရွေးခံမည် ဖြစ်သည်။

Source: messenger news journal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment