ဖခင်က (၁)လအရွယ် သမီးအား သံချောင်းဖြင့် ထိုးသတ်


      စဥ့်ကူးမြို့နယ်တွင် ဖခင်မှ တစ်လအရွယ် သမီးအား သံချောင်းဖြင့် ထိုးရာမှ ကလေးသေဆုံးခဲ့ကြောင်း သိရှိသည်။

      ယခုလ (၂၀) ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် စဥ့်ကူးမြို့နယ် ကံတောင်ကျေး ရွာ အောင်ချမ်းသာရပ်နေ ဒေါ်. . . . (၄၁) နှစ်သည် နေအိမ်၌ ရှိနေစဉ် တစ်အိမ်တည်း အတူနေ သမီးဖြစ်သူ မ.......(၂၀) နှစ်နှင့် သမက်ဖြစ်သူ ကို.......(၂၀)နှစ်တို့ စကားများ ရန်ဖြစ်နေပြီး မ.........အား သံချောင်းဖြင့် လိုက်လံထိုးရာ မ.........မှာ ထွက်ပြေးသွားသဖြင့် ကို..........မှာ အခန်းတွင်း ကျန်ရစ်ခဲ့ပြီး ပုခက်အတွင်းရှိ အိပ်နေသည့် ၎င်းတို့၏ သမီး မ.......... တစ်လသား အရွယ်အား သံချောင်းနှင့်ထိုး၍ ထွက်ပြေးသွားခဲ့သည်။

      ဖခင်၏ သံချောင်းဖြင့် ထိုးမှုကြောင့် ကလေးတွင် ဒဏ်ရာများရရှိကာ တိုက်နယ် ဆေးရုံသို့ ရဲဆေးစာဖြင့် တင်ပို့ကုစဉ် သေဆုံးခဲ့သည်။

      အဆိုပါ အမှုနှင့်ပတ်သက်၍ ကို....... အား ရဲကင်းစခန်း (လက်ပန်လှ) (ပ) ၁၃၁/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။

The Messenger Media
http://www.messengerdaily.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment