ကယ်ရီသမားအား ဓားဖြင့်ထောက်ကာ ဆိုင်ကယ်လုယက်သူများကို ဖမ်းမိ


 ကယ်ရီသမားအား ဓားဖြင့်ထောက်ကာ ဆိုင်ကယ်လုယက်သူများကို လှည့်ကင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၂၃

၂၁.၉.၂၀၁၅ ရက်နေ့ ၂၁၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ ဆိုင်ကယ် ကယ်ရီမောင်းသူ ကိုသိန်းဇော်သည် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၁) ဆိုင်ကယ်ကယ်ရီဂိတ်တွင်ရှိနေစဉ် အမျိုးသား(၂)ဦးရောက်ရှိလာပြီး ဒိုင်စုရွာဘက်သို့ ပို့ဆောင်ပေးရန် ငှားရမ်းသဖြင့် လိုက်ပို့ခဲ့ရာ ဒိုင်စုရွာ၊ ကမ်းနားလမ်း၊ ကွန်တိန်နာဝင်းအနီး မှောင်ရိပ်အရောက်တွင် ဆိုက်ကယ်၏ အလယ်မှ လိုက်ပါ စီးနင်းလာသူ အမျိုးသားမှ ကိုသိန်းဇော်၏ လည်ပင်းအား ဓါးဖြင့်ထောက်ကာ ဆိုင်ကယ်ပေးမလား၊ လူအသေခံမလားဟု ပြောဆိုသဖြင့် ဆိုင်ကယ်ပေးမည် ဖြစ်ကြောင်းပြောပြီး ရပ်ပေးခဲ့ပါသည်။

ထိုသို့ ဆိုင်ကယ်ရပ်ပေးခဲ့စဉ် ကိုသိန်းဇော်၏ လည်ပင်းအား ဓါးဖြင့်ခြစ်မိခဲ့၍ ဒဏ်ရာရှိခဲ့သည့်အပြင် ဓါးဖြင့်ထောက်ထားသူမှ လက်သီးဖြင့် ထိုးခဲ့သဖြင့် ၀ဲမျက်လုံးတွင် ဖူးရောင်ဒဏ်ရာ ရရှိခဲ့ပါသည်။

၎င်းအမျိုးသား(၂)ဦးမှ ဆိုင်ကယ်အား ယူဆောင်မောင်းနှင်ထွက်ပြေးကြစဉ် ကိုသိန်းဇော်မှ ပတ်ဝန်းကျင်အား အော်ဟစ် အကူအညီတောင်းခဲ့ပြီး နောက်မှ လိုက်ခဲ့ရာ တပ်ထိပ်မှတ်တိုင်အနီးတွင် လှိုင်သာယာမြို့မရဲစခန်းမှ လှည့်ကင်း တာဝန်ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကတွေ့ရှိပြီး ၎င်းအမျိုးသား(၂)ဦးကို ဖမ်းဆီး ထိန်းသိမ်း ခဲ့ပါသည်။

စစ်ဆေးချက်အရ ၎င်းတို့မှာ လှိုင်သာယာမြို့နယ်နေ သန်းညွန့်၊ (၃၀)နှစ်၊ မျိုးဇော်ထွန်း၊ (၂၅)နှစ် တို့ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ လုယက်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပြီး ၎င်းတို့ထံမှ သက်သေခံဓါးနှင့် လုယက်ယူဆောင်ခဲ့သည့် ဆိုင်ကယ်တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

ယင်းသို့ ပြစ်မှုကျူးလွန် သူများဖြစ်ကြသည့် သန်းညွန့်နှင့် မျိုးဇော်ထွန်းတို့(၂)ဦးအား လှိုင်သာယာမြို့မရဲစခန်း(ပ)၁၅၃၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment