ပါလက်စတိုင်းနှင့် အစ္စရေးအကြမ်းဖက်မှု အနောက်ဘက်ကမ်းဒေသသို့ပျံ့နှံ့


ဂျေရုဆလင် စက်တင်ဘာ ၁၉

ပါလက်စတိုင်း ဆန္ဒပြသူများနှင့် အစ္စရေးတပ်ဖွဲ့များအကြား အကြမ်း ဖက်ပဋိပက္ခများသည် စက်တင်ဘာ ၁၈ ရက်က ဂျေရုဆလင်မြို့ဟောင်းကို ကျော်လွန်ပြီး အနောက်ဘက်ကမ်း ခြေဒေသသို့ ပျံ့နှံ့ခဲ့သည်။

အစ္စရေး လုံခြုံရေးတပ်ဖွဲ့များ သည် ဂျူးနှင့်မူဆလင်လူမျိုးများ အထွတ် အမြတ်ထားရာ တောင်ထိပ် သို့ သုံးရက်ဆက်တိုက် တက်ရောက်ခဲ့ သောကြောင့် ပါလက်စတိုင်း လူမျိုး များနှင့် အာရပ်ကမ္ဘာကို ဒေါသထွက် စရာများ ဖြစ်ပေါ်စေခဲ့သည်။

အဆိုပါ နေရာကို ဂျူးလူမျိုးများ က တောင်ပေါ်ဘုရားကျောင်းအဖြစ် ခေါ်ဝေါ်ကြသည်။ သို့သော်လည်း မူဆလင်တို့က အယ်-အာဆာ ဘုရား ကျောင်းအဖြစ် ဆုတောင်းမှုများပြုလုပ် လေ့ရှိသည်။ တနင်္ဂနွေနေ့သည် ဂျူးအားလပ်ရက် ပွဲတော်ဖြစ်သည်။ ပါလက်စတိုင်းတို့က ထိုနေရာအတွင်း ပိုင်းတွင် ကတုတ်ကျင်းများတူးခဲ့သည်။ ဂျူးအုပ်စုက ယင်းကိုတုံ့ပြန်ရန် တနင်္ဂနွေနေ့တွင် ထိုနေရာသို့ အုပ်စုလိုက်သွားရောက်ခဲ့ကြသည်။

မူဆလင်လူမျိုးများ သောကြာနေ့ ဝတ်ပြုပြီးနောက် အကြမ်းဖက်မှုများ သည် ဂျေရုဆလင်အရှေ့ပိုင်း ဟီဘရွန်းနှင့် အခြားမြို့များတွင် ဖြစ်ပွားခဲ့သည်။

ဗုံးများဖြင့် တိုက်ခိုက်မှုတွင် ပါလက်စတိုင်းလူမျိုး ၂၁ ဦးဒဏ်ရာ ရရှိခဲ့သည်။ ၄င်းတို့ထဲတွင် အစ္စရေး အရာရှိများလည်း ပါဝင်ကြသည်။

ဂါဇာစစ်သွေးကြွများက စက်တင် ဘာ ၁၈ ရက် နှောင်းပိုင်းတွင် အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်နှစ် စင်းပစ်လွှတ်ပြီးနောက် အစ္စရေး ဘက်က ဂါဇာကမ်းမြောင်ဒေသကို စက်တင်ဘာ ၁၉ ရက်က ဗုံးများဖြင့် ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုသည် ဟားမားစ် လေ့ကျင့်ရေးစခန်းနှစ်ခု ကို ဦးတည်တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာ ရရှိသူမရှိကြောင်း သိရသည်။

(အင်န်အိတ်ခ်ျကေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment