ယီမင် ပြည်ထဲရေးရုံးနှင့် သမ္မတ အိမ်တော်ဝင်း ဆော်ဒီ လေယာဉ်များက ပစ်မှတ်ထား တိုက်ခတ်


 ဆာနား စက်တင်ဘာ ၁၉

 ဆော်ဒီအာရေဗျ ဦးဆောင်သော တိုက်လေယာဉ် များက ယီမင်မြို့တော် ဆာနားရှိ ပြည်ထဲရေးဝန်ကြီးရုံးကို သောကြာနေ့နှောင်းပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရပ်ကွက်များက ပြောသည်။

ဖြုတ်ချခံယီမင်သမ္မတ မန်ဆာဟာဒီ၏ သစ္စာခံတပ် များနှင့် တိုက်ခိုက်ရေးသမားများ ၂ဝ၁၄ ခုနှစ် စက်တင်ဘာ လက ဟူသီတိုက်ခိုက်ရေးသမားများ သိမ်းယူထားသော မြို့တော်ဆာနားကို ပြန်သိမ်းရန်ကြိုးပမ်းနေချိန် လွန်ခဲ့ သော သီတင်းပတ်များက အဆိုပါ ညွန့်ပေါင်းအဖွဲ့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

မြို့တော်မြောက်ပိုင်းရှိ ယီမင်ပြည်ထဲရေးဝန်ကြီးရုံး နေရာကို ၁ဝ ကြိမ်ခန့်လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဆာနားမြို့နေရာအချို့ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရရှိလာသော ဒဏ်ရာရသူအားလုံးကို ကုသပေးနိုင်သည့် ဆေးဝါးနှင့် ကျန်းမာရေးဝန်ထမ်းများ လုံလောက်မှုမရှိကြောင်း ယီမင်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆေးရုံများတွင် ဒဏ်ရာရလူနာများကို ကုသပေး နိုင်သော အခြေခံဆေးဝါးများ မရှိကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားလျက် ဟူသီ ထိန်းချုပ် သီတင်းအေဂျင်စီက စနေနေ့တွင် သတင်းထုတ် ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် သမ္မတ၏ခြံဝင်းနှင့် ၂ဝ၁၁ ခုနှစ်က ဖျက်ဆီးခြင်းခံရသော သမ္မတဟောင်းဆလက်၏ပါတီအဆောက်အအုံတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်။
စနေနေ့နံနက်ပိုင်းတွင် ဆာနားမြို့ဟောင်း ဖူလိဟီ ဒေသကိုလည်းပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ပျက်စီးသွားခဲ့သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment