ကနေဒါနိုင်ငံ၊ အွန်တာရီအိုမြို့မှာရှိတဲ့ စူပါမားကတ် တစ်ခုမှာ အမျိုးသားတစ်ဦးဟာ အမျိုးသမီးတွေရဲ့ စကတ်အောက်ကို ဖုန်းဖြင့် ဓာတ်ပုံလိုက်ရိုက်တာကို လုံခြုံရေး ကင်မရာတွေနဲ့ မှတ်တမ်းတင်ပြီးနောက် လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ သြဂုတ် (၁၆) ရက်ကတည်းက ဖြစ်ခဲ့တာဖြစ်ပြီး လုံခြုံရေး ကင်မရာကနေ သိရှိပြီးတဲ့နောက်မှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်ပါတယ်။
လုံခြုံရေးကင်မရာရဲ့ မှတ်တမ်းတွေအရ ဦးထုပ်ဆောင်းထားတဲ့ အမျိုးသားတစ်ဦးဟာ အမျိုးသမီး ဈေးဝယ်နှစ်ဦးကို ဖုန်းကင်မရာဖြင့် လိုက်လံရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသမီးနှစ်ဦးဟာ ဈေးဝယ်တာကို အာရုံစိုက်နေချိန်မှာ သူတို့ရဲ့ စကတ်အောက်ကို ဖုန်းကင်မရာနဲ့ မှတ်တမ်းတင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီအမျိုးသားဟာ အမျိုးသမီးဈေးဝယ်သူ နှစ်ဦး အနားအရောက်မှ ဒူးကို ကွေးလိုက်ပြီး ပစ္စည်းတွေ ၀ယ်ယူတဲ့ဟန် ပြုလုပ်နေပြီး လက်ကဖုန်းကို ကိုင်ကာ စကတ်အောက်ကို ကင်မရာနဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ခပ်တည်တည်နဲ့ ဆိုင်အပြင်ကို ထွက်သွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ အမျိုးသမီးဟာ ခြေထောက်ကို ထိသွားချိန် တစ်ဖက်ကို လှည့်လိုက်စဉ် အမျိုးသားက သူဘာမှ မလုပ်တဲ့ဟန်နဲ့ ပစ္စည်းဝယ်ယူဖို့ ပုံစံမျိုး သရုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ဒီအမျိုးသားဓာတ်ပုံကို ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
Source: messengernewsjournal.com
0 comments:
Post a Comment