ကားပြပွဲတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ ပရိုးမိုးရှင်းတစ်ခုက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားကို သံတုတ်နဲ့ ရိုက်ခိုင်းပြီး ပိန်ချိုင့်အောင် ပြုလုပ်နိုင်ပါက ဆုကြေးငွေ ပေးသွားဖို့ စီစဉ်ထားတာကြောင့် ဖြစ်ပါတယ်။ ဒီကားပြပွဲကို ရှန်ဒေါင်ဒေသမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဘယ်သူမဆို ၀င်ရောက် ဆင်နွှဲနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ ကားကို ရှေ့ဖုံးဖွင့်ထားပြီး ရှေ့ပိုင်းကို တစ်မီတာရှည်တဲ့ သံတုတ်နဲ့ ရိုက်နှက်ခိုင်းတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို စိတ်ဝင်စားအောင် စမတ်ကျကျ ၀တ်ဆင်ထားတဲ့ အစီအစဉ် တင်ဆက်သူတစ်ဦးက ဟန်ပါပါနဲ့ ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကားကို သံတုတ်နဲ့ ရိုက်ခဲ့ပေမယ့် ပျက်စီးအောင် လုပ်နိုင်ခြင်း မရှိတာကြောင့် ဆုကြေးရသူ မရှိဘူးလို့ သိရပါတယ်။ ဒီကားဟာ နာမည်ကျော် Rang Rover ကို တုပပြီး ပြုလုပ်ထားတာဖြစ်လို့ အကြမ်းခံမှုရှိကြောင်း ပြသတဲ့အနေနဲ့ ဒီအစီအစဉ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကားတစ်စီး တန်ဖိုးကလည်း Rang Rover ရဲ့ လေးပုံ တစ်ပုံသာ ရှိပါတယ်။
Source:messengernewsjournal.com
0 comments:
Post a Comment