ခိုင်ဇာသွင်
ငယ်ရွယ်သော်လည်း အောင်မြင်မှုများ ပိုင်ဆိုင်ထားသည့် ရွှေမှုန်ရတီက အနုပညာပေါ် အလေးထားမှုတွေကြောင့် စက်ရုပ်တစ်ရုပ်လို ဖြစ်နေကြောင်း ပြောသည်။ ''ရွှေမှုန်ကတော့ ကားတစ်ကားလုံးမှာတော့ အ၀တ်အစားနဲ့ မိတ်ကပ်ထက် ဆံပင်ကိုပြင်တယ်။ အဓိက ကျတယ်ပေါ့နော်။ အထောက်အပံ့ ဖြစ်စေတယ်။ ပြီးတော့ ကာရိုက်တာကို အားနည်းသွားစေမယ့် အရာဆို မ၀တ်ဖြစ်ဘူး။
လှချင်တဲ့ စိတ်လည်း သိပ်မရှိတော့ နည်းနည်း အဆင်ပြေတယ်။ အဲဒီဘက်ကို သိပ်ပြီးတော့ ဆိုက်ကိုမရှိဘူး၊ ၀တာ ပိန်တာလောက်ပဲ ဆိုက်ကိုရှိတယ်။ ကျန်တာက အလုပ်အတွက်ပဲ ရှိတယ်။ မိတ်ကပ် မလိမ်းရဘူးဆို မလိမ်းဘူး။ အဓိက ကတော့ ကာရိုက်တာနဲ့ လိုက်ဖက်အောင် ရွှေမှုန်လုပ်တယ်။ ပြီးတော့ အလုပ်ကိုပဲ စိတ်ကူးယဉ်တတ်တယ်။
အောင်မြင်မှု တစ်ခုအတွက်လည်း စိတ်ထဲမှာ မထားဘူး။ ရွှေမှုန်ကတော့ ငါအလုပ် လုပ်ရမယ်၊ အလုပ် လုပ်ရမယ် ဆိုတာကိုပဲ အသိထဲမှာ ပုံမှန်ရိုက်သွင်းထား တာပါ။ အဓိက ကတော့ ကျန်းမာရေး အတွက်ပဲ စိတ်ညစ်ရတယ်။ ကျန်တာတော့ မရှိပါဘူး။ ငါအလုပ် လုပ်ရမယ်ဆိုရင် စက်ရုပ်လို ဖြစ်နေတတ်တယ်။ ရွှေမှုန်ကလည်း အနုပညာကို ချစ်တာကိုး။
အဲဒီတော့ အရူးအမူး ဖြစ်နေတော့ ကျန်းမာရေး ထိလာတယ်။ အဲဒါပါပဲ။ ရွှေမှုန်နားတဲ့ အချိန်က ဘန်ကောက်ကို သွားတဲ့ အချိန်ပေါ့နော်။ ဘန်ကောက်ကိုတော့ တစ်နှစ်ကို သုံးခေါက်လောက်တော့ ရောက်တယ်။ အဲဒီကိုရောက်ရင်လည်း ပျော်တယ်။
ဆေးလည်းကုတယ်။ အဲဒီအချိန်တွေက နားချိန် တွေပေါ့။ ကျန်တဲ့အချိန်တွေ ကတော့ ရွှေမှုန်ရဲ့ ကားရိုက်ရက်တွေပါပဲ'' ဟု ရွှေမှုန်ရတီက ပြောသည်။ ရွှေမှုန်ရတီသည် ရုပ်ရှင်ကားကြီးများလည်း ရိုက်ကူးထားကြောင်း သိရသည်။
Source...http://www.messengernewsjournal.com
0 comments:
Post a Comment