ဆွဲဆောင်မူရှိသော သတင်း တင်ဆက်သူကြောင့် ကြည့်ရူသူများပြားလာ




အယ်လ်ဘေးနီးယား နိုင်ငံရှိ ရုပ်သံဌာနတစ်ခုသည် ထူးခြားမူတစ်ခု ပြုလုပ်ခဲ့သည်။ ယင်းမှာ ရုပ်သံသတင်း တင်ဆက်သူကို ဆွဲဆောင်မူရှိအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
      အသက် (၂၁) နှစ်သာ ရှိသေးသည့် တက္ကသိုလ် ကျောင်းသူ ဘာရာကာသည် သတင်းတင်ဆက်သူ အလုပ်ကို လျှောက်ထားရာတွင် ပထမဆုံး ကင်မရာစမ်းသပ်မှု ပြုလုပ်ခဲ့ရာ လိင်အသားပေးပုံစံ ၀တ်ဆင်လာခဲ့သည်။ ဘာရာကာ ၀တ်ဆင်ခဲ့သော အ၀တ်အစားသည် ရင်သားများကို အသားပေး ဖော်ထားခြင်း ဖြစ်သည်။ အပေါ်မှ ထပ်ဝတ်ရသော ၀တ်စုံကိုသာ ၀တ်ဆင်ပြီး သတင်းကြေညာခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ တင်ဆက်မှုကို ရုပ်သံဌာနမှ တာဝန်ရှိသူများက နှစ်သက်ခဲ့ပြီး ချက်ချင်းအလုပ် ခန့်အပ်ခဲ့သည်။ ထို့ကြောင့် ဘာရာကာသည် ရုပ်သံဌာနတွင် နိုင်ငံတကာသတင်း တင်ဆက်သူအဖြစ် ခန့်အပ်ခံရသည်။
      ဘာရာကာသည် သတင်းများကို တင်ဆက်ရာတွင် ရင်သား အသားပေး ဖော်ထားသည့် ၀တ်စုံကိုသာ ၀တ်ဆင်ခဲ့သည်။ ယင်းသို့ ၀တ်ဆင်ခြင်းကြောင့် ပြိုင်ဘက် ချန်နယ်များကို  အပြတ်အသတ် အသာရခဲ့ပြီး ကြည့်ရှုသူ တိုးပွားလာခဲ့သည်။ ဆာဘီးယားနိုင်ငံ ၀န်ကြီးချုပ်သတင်းကိုပါ တင်ဆက်ခဲ့သည်။ ထို့ကြောင့် ဘာရာကာ၏ အကြောင်းကို ဆားဘီးယားနိုင်ငံအထိ သိရှိခဲ့ကြသည်။ ယင်းရုပ်သံမှ တာဝန်ရှိသူ တစ်ဦးက ရုပ်သံတင်ဆက်သူများကို ကိုင်တွယ်ရန် မလွယ်ကြောင်း၊ ယင်းသို့ ၀တ်ဆင်ခြင်းသည် အနှောင့်အယှက် ဖြစ်လိမ့်မည် မပာုတ်ကြောင်း ပြောကြားခဲ့သည်။
      ဘာရာကာသည် မိမိအနေဖြင့် အရာရာကို စဉ်းစားပြီးမှ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်ပင်မှုများလည်း ရှိခဲ့ကြောင်း၊  ယင်းသို့လုပ်ရာတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိခဲ့ကြောင်း၊ ရုပ်သံဌာန အချင်းချင်း ပြိုင်ဆိုင်မူ မရှိသော်လည်း ချန်နယ်လိုင်းများတွင်မှု ပြိုင်ဆိုင်မူများ ရှိကြောင်း၊ မိမိ၏ ဆောင်ရွက်ချက်ကြောင့် ကြည့်ရှုသူ တိုးလာကြောင်း ပြောကြားခဲ့သည်။

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment