ဂီတလောကရဲ့ Hip Hop အဆိုရှင် တစ်ဦးဖြစ်တဲ့ ထက်ထက် Bobby Soxer က သူမရဲ့ဘ၀မှာ အော်ရီဒူး ကြော်ငြာလေးက အမှတ်တရ ဖြစ်စေတယ်လို့ ဆိုခဲ့ပါတယ်။
“ညီမရိုက်ဖူးတဲ့ ကြော်ငြာတွေထဲမှာ အော်ရီဒူး ကြော်ငြာလေးက အမြဲတမ်း အမှတ်ရနေမှာပါ။ ဒီကြော်ငြာလေးကို သူတို့ကလည်း ငွေကြေးပိုင်းကို အဓိကမထားဘဲ ရိုက်ကူးတော့ ညီမတို့ အနုပညာရှင်တွေ အနေနဲ့ အနုပညာကို ချပြရတာ တန်တယ်လို့ ထင်ပါတယ်။ နောက်ပြီး ဒီကြော်ငြာလေးကို ပရိသတ်တွေက ကြိုက်ကြတော့ ညီမအနေနဲ့ ၀မ်းသာပါတယ်။ ပြောရရင် ဒီလို ကြော်ငြာလေးတွေက ရှားမယ်လို့ ထင်မိတယ်။ နောက်ပိုင်းမှာ ဒီလိုမျိုးလေးတွေ လက်ခံ ရိုက်သွားချင်ပါတယ်”လို့ ပြောပြခဲ့ပါ တယ်။ လက်ရှိမှာတော့ သူမရဲ့ (21) MTV လေးကို ရိုက်ကူးနေပြီး လာမယ့် ၂၀၁၆ ဖေဖော်ဝါရီလ မတိုင်ခင်တော့ ထွက်ဖြစ်အောင် ကြိုးစားသွားမှာပါလို့ ပြောသွားပါသေးတယ်။
0 comments:
Post a Comment