လက်ရှိ Vedio လောကမှာ အောင်မြင်မှု ရရှိပြီးဖြစ်တဲ့ သရုပ်ဆောင် မိုးအောင်ရင်က ဘယ်အချိန်ချိန်ပဲ ဖြစ်ဖြစ် ပျော်ပျော်ပဲ နေပါတယ်တဲ့။
“အဓိက ပြောချင်တာက ကျွန်တော်က ပျော်ပျော်ပဲ နေတယ်။ တအား စိတ်ညစ်စရာတွေ ရောက်လာပြီဆို ကိုယ့်ဘာသာကိုယ် စိတ်ထွက်ပေါက်လေး ပေးလိုက်တယ်။ အရာရာကို အလေးမထားလို့တော့ မဟုတ်ဘူး။ သူ့နေရာနဲ့သူတော့ ရှိတာပေါ့။ ကိုယ့်စိတ်ကို ပျော်အောင်ထားမှလည်း ကျွန်တော်တို့ အနုပညာသမားတွေဆိုတာ အနုပညာတွေ ဖန်တီးနိုင်မယ်လို့ လက်ခံထားတယ်။ ဒီလိုပဲ ဇာတ်ကားတွေဆိုလည်း ဘယ်လိုမျိုးမှဆိုတဲ့ စိတ်မထားဘူး။ လုပ်ကွက်ရှိမယ်ဆိုရင် လက်ခံပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ပြလိုက်တယ်”လို့ ပြောပြသွားပါတယ်။
လက်ရှိမှာတော့ ဟာသကားလေးတွေ အရိုက်များနေပေမယ့် အခြား ကာရိုက်တာလေးတွေကိုလည်း ပရိသတ်ကို ချပြဖို့ ရှိပါတယ်လို့ ဖွင့်ဟသွားပါတယ်။
Source:messengernewsjournal.com
0 comments:
Post a Comment