သရုပ်ဆောင် မော်ဒယ်တစ်ဦးဖြစ်တဲ့ မေက သူမအနေနဲ့ Cuttic Fashion ဖြစ်တဲ့ ပုံစံလေးတွေကိုပဲ ပိုကြိုက်တယ်လို့ ဖွင့်ဟ သွားပါတယ်။
““ညီမက လူငယ် ဖြစ်နေလို့လားတော့ မသိဘူး။ Cuttic Fashion လေးတွေကို ပိုပြီးသဘောကျတယ်။ နောက် ပိုပြီးလည်း ၀တ်ဖြစ်တယ်။ နောက်ပြီး ပရိသတ် တော်တော်များများက ညီမကို Cute ဖြစ်အောင် နေတယ်လို့ ပြောတယ်။ ဒါလည်း ဟုတ်ပါတယ်။ ညီမက အိမ်မှာဆိုလည်း ဒီလိုပုံစံလေးပဲ နေတတ်တယ်။ လူကြိုက်အောင် ကြိုးစားပေမယ့် မရသေးဘူး။ ကလေးတစ်ယောက်လို နေရတာလည်း ကြိုက်တယ်ဆိုတော့ ဒီပုံစံလေးက ညီမရဲ့ ကိုယ်ပိုင် စတိုင်လ်လို ဖြစ်နေတယ်။ နောက်ပိုင်း အသက်ကြီး လာရင်တော့ ဘယ်လိုဖြစ်မလဲတော့ မသိသေးဘူး”လို့ ဖွင့်ဟသွားတယ်။ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်လာရတဲ့ မေတစ်ယောက် ကတော့ ပရဟိတ အလုပ်တွေကိုလည်း အချိန်ပေးပြီး လုပ်ဖြစ်နေပါတယ်တဲ့။
Source:messengernewsjournal.com
0 comments:
Post a Comment