ဒီချုပ်ရန်ပုံငွေပွဲအတွက် အမေရိကကို သွားရောက်ဖျော်ဖြေမယ့် အနုပညာရှင်တွေ




အမေရိကန်ပြည်ထောင် စုတွင်ပြုလုပ်မည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ပညာရေး၊ ကျန်း မာရေးရန်ပုံငွေဖျော်ဖြေပွဲအတွက် ကာလအတန်ကြာကြန့်ကြာခဲ့ သည့် ပြည်ဝင်ခွင့်ဗီဇာကိစ္စအဆင် ပြေသွားပြီဖြစ်၍ စက်တင်ဘာ ၂၃ ရက်၌ သွားရောက်မည်ဖြစ် ကြောင်း ဖျော်ဖြေရေးတွင်ပါဝင် သည့် အဆိုတော်ထွန်းအိန္ဒြာဗိုက ပြောသည်။

‘‘တစ်လကြာမှာပါ။ ပွဲက တော့ အမေရိကားတစ်ခွင်နေရာ စုံမှာ ပွဲရှစ်ပွဲဆိုမှာပါ’’ဟု ၎င်းက ပြောသည်။

ထို့အပြင် ဗီဇာကိစ္စကြောင့် ယခင်ဖျော်ဖြေပွဲကျင်းပရန်စီစဉ် ထားသည့်အချိန်နှင့် သုံးလခန့် ကွာခြားသွား၍ အဆိုတော် အပြောင်းအလဲအချို့ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘ပထမရည်ရွယ်ထားတာက ကျွန်မရယ်၊ လင်းလင်းရယ်၊ ချစ် သုဝေရယ်၊ Rဇာနည်နဲ့ Player က ဥက္ကာဦးသာ။ ဒါပေမဲ့ သုံးလ ရွှေ့လိုက်တဲ့အချိန်မှာ လင်းလင်း ကလည်း အမေ့ခရီးစဉ် (ဒေါ်အောင်ဆန်းစုကြည်စည်းရုံး ရေးခရီးစဉ်)တွေကြောင့် မလိုက် နိုင်တော့ဘူး။ ချစ်သုဝေကလည်း နိုင်ငံခြားသားနဲ့ ချုပ်ဆိုထားတဲ့ အလုပ်လေးတွေရှိတော့ ဖျက်လို့ မရတော့ဘူး။ အဲဒါကြောင့် ကိုဆောင်းဦးလှိုင်နဲ့ မနီနီခင်ဇော် ကို ပြောင်းထည့်လိုက်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ထို့အပြင် ဖျော်ဖြေပွဲ၏ အကြောင်းအရာကိုလည်း မြန်မာ နိုင်ငံတွင် လက်ရှိကြုံတွေ့နေရ သော ရေဘေးအတွက်ပါ ထည့်သွင်း၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ပညာရေး၊ ကျန်းမာ ရေးနှင့် ရေဘေးရန်ပုံငွေဂီတဖျော် ဖြေပွဲအဖြစ် ကျင်းပမည်ဖြစ် သည်။

ယခုအချိန်သည် ၂၀၁၅ ရွေး ကောက်ပွဲအတွက် မဲဆွယ်စည်း ရုံးရမည့်အချိန်ဖြစ်သော်လည်း တစ်ဖက်တွင် လက်မှတ်များ ရောင်းပြီးသား ဖြစ်နေသော ကြောင့်သာ သွားရောက်မည်ဖြစ် ပြီး ယင်းခရီးစဉ်မှ ပြန်လည်ရောက်ရှိချိန်တွင် မဲဆွယ်စည်းရုံးရေးအ တွက် ဆက်လက်လုပ်ဆောင်သွား မည်ဟု ထွန်းအိန္ဒြာဗိုက ပြော သည်။

‘‘ပထမတော့ ဒါကိုလွတ် အောင်တင်ပြီး အစီအစဉ်ဆွဲတာ။ ကံဆိုးစွာနဲ့ ဗီဇာက သုံးလနောက် ရွှေ့ပြီးမှ ရသွားတော့ ဒီထဲကိုကျ သွားတယ်။ ဟိုဘက်မှာလည်း လက်မှတ်ရောင်းထားပြီးသားဆို တော့ မသွားလို့မရဘူးဖြစ်သွား တာပေါ့။ ဒါပေမဲ့ ပြန်လာရင် နှစ် ပတ်လောက်အချိန်ရသေးတယ်။ ရောက်ရာအရပ်ကိုသွား Join ရမှာပေါ့’’ဟု ၎င်းက ပြောသည်။

7day daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment