ဂျပန် ခေတ်ရှေ့ပြေး ကျည်ဆန်ရထားများသည် ယနေ့ ဆဲလ်ဖီရိုက်လိုသူများ အဖို့ နောက်ခံထားပြီး ဓာတ်ပုံရိုက်လို့ အလွန်ကောင်းသည့် အရာတွေ ဖြစ်နေသည်။ တိုကျိုဘူတာရုံထဲ ၀င်လိုက်လျှင် ကျည်ဆန်ရထားခေါင်းကို နောက်ခံထားပြီး ဆဲလ်ဖီ အလုအယက် ရိုက်နေသူတွေ တွေ့နိုင်သည်။ ဘူတာရုံထဲ ရထားဝင်လာစဉ် ပလက်ဖောင်း နားကပ်ရပ်ပြီး ချိန်သားကိုက် ဆဲလ်ဖီ ရိုက်ဖို့ ကြိုးပမ်းသူများကိုပင် တွေ့ရသည်။
အဆိုးဆုံးမှာ ဆဲလ်ဖီ တုတ်တံရှည်ကြီးတွေ တကားကားနဲ့ ဘူတာ ပလက်ဖောင်းပေါ် ဆဲလ်ဖီရိုက်နေသူများ ဖြစ်သည်။ ဆဲလ်ဖီ တုတ်တံများကြောင့် အခြားရထားစီး ခရီးသည်များကို ထိခိုက်နိုင်သလို၊ သွားနေသော ရထားနှင့် တုတ်တံရိုက်မိပြီး ဓာတ်လိုက်တာမျိုးထိ ဖြစ်ပွားကာ အသက်အန္တရာယ် ရှိသဖြင့် West Japan Railways (JR Railways) ရထားလိုင်းသည် ၎င်းတို့၏ ဘူတာရုံ ပလက်ဖောင်းများပေါ်တွင် ဆဲလ်ဖီ တုတ်တံများ မသုံးရဟု တားမြစ်ချက် ထုတ်ပြန်လိုက်ပြီ။ ဘူတာရုံ ပလက်ဖောင်းများတွင် တားမြစ် ဆိုင်းဘုတ်များလည်း ကပ်ထားပြီ ဖြစ်သည်။
ကမ္ဘာတစ်ဝန်း ပြတိုက်များ၊ အားကစားကွင်းများနှင့် နေရာ အများအပြားတွင် ဆဲလ်ဖီတုတ်တံများကို ပိတ်ပင်လျက်ရှိရာ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင်လည်း JR West သည် ဆဲလ်ဖီ တုတ်တံကို ပထမဆုံး ပိတ်ပင်သည့် လုပ်ငန်းအဖြစ် စံချိန်တင်လိုက်ပြီ ဖြစ်သည်။
Source:messenger news journal
0 comments:
Post a Comment