တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ဒါလီမြို့ရှိ ဟိုတယ်တစ်ခုတွင် အမေရိကန် ပြည်ထောင်စု၏ အထိမ်းအမှတ် ဖြစ်သော လစ်ဘာတီရုပ်တု ပုံစံတူကို ထားရှိခဲ့သောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
လစ်ဘာတီရုပ်တုသည် အမေရိကန်များအတွက် သမိုင်းဆိုင်ရာ အထိမ်းအမှတ် တစ်ခုဖြစ်သည်။ ကျွန်စနစ်ကို ဖျက်သိမ်းနိုင်ခြင်း၊ လွတ်လပ်ရေး ရရှိခြင်း စသည့် အထိမ်းအမှတ်များဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လစ်ဘာတီ ရုပ်တုသည် အမေရိကန် ပြည်ထောင်စု၊ နယူယောက်မြို့တွင် ရှိပြီး၊ ၁၈၈၆ တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၈၄ တွင် ယူနက်စကိုက ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ခဲ့သည်။ လစ်ဘာတီ ရုပ်တုသည် အမြင့်(၃၀၅) ပေ၊ အလေးချိန် ( ၂၂၅) တန်ရှိသည်။ သို့သော် တရုတ်နိုင်ငံရှိ လစ်ဘာတီရုပ်တုသည် အမြင့် (၁၀) ပေသာ ရှိသည်။ တရုတ် လစ်ဘာတီရုပ်တုသည် အမေရိကန် ရှိလစ်ဘာတီရုပ်တုနှင့် ခွဲမရအောင်တူနေပြီး စာအုပ်နှင့် မီးတုတ် ကိုင်ဆောင်ထားခြင်းကိုလည်း သရုပ်ဖော်ထားသည်။
ယင်းဟိုတယ်အနေဖြင့် မည်သည့် အတွက်ကြောင့် အမေရိကန်ရှိ လစ်ဘာတီရုပ်တုပုံစံ ပြုလုပ်ခြင်းကို ရေရာစွာသိရှိခြင်း မရှိပေ။ တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းမှ ထင်ရှားသည့် နေရာများကို ပုံစံယူပြီး အထိမ်းအမှတ်ရုပ်တုများ ပြုလုပ်လေ့ရှိပြီး အီဖယ်မျှော်စင်ကဲ့သို့ ပုံစံမျိုးကို ဖန်တီးခဲ့သည်။ တရုတ်နိုင်ငံသားများသည် လူစိတ်ဝင်စားစရာ ဖြစ်အောင် ပြုလုပ်ထားသော်လည်း ကမ္ဘာ့လှည့် ခရီးသည်များ အတွက်မူ ရယ်စရာကောင်းသည့် ရုပ်တုများ ဖြစ်နေကြောင်း သိရသည်။
Source..http://www.messengernewsjournal.com/
0 comments:
Post a Comment