ဒီဇယ်အင်ဂျင်သုံး ဗောက်စ်ဝက်ဂွန် ကားများ ရောင်းချမှု ရပ်ထားဖို့ ဆွစ်ဇာလန် အစိုးရက ညွှန်ကြားထားသည်။
တားမြစ်မှုသည် မရောင်းရသေးသော ကားစီးရေ (၁၈၀၀၀၀) ကို သက်ရောက်မှုရှိမည် ဖြစ်သည်။ အမေရိကန် နိုင်ငံတွင် ကားမီးခိုးထွက်နှုန်း စမ်းသပ်မှု ခံယူရာတွင် လိမ်ညာခဲ့မိကြောင်း ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီကြီး ဗောက်စ်ဝက်ဂွန်က ၀န်ခံခဲ့ပြီးနောက် ယခုလိုပိတ်ပင်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
စီအီးအို မာတင်ဝင်တာကွန် နုတ်ထွက်သွားပြီး မာသီယတ်စ် မူလာကို စီအီးအိုသစ်အဖြစ် ခန့်အပ်လိုက်သည်။ ဗောက်စ်ဝက်ဂွန်သည် အမေရိကန်တွင် ရောင်းချသော ဒီဇယ်ကားများ၏ အင်ဂျင်ထဲတွင် အာရုံခံကိရိယာတစ်မျိုး ထည့်သွင်းထားပြီး၊ ထိုကိရိယာသည် မီးခိုးထွက်နှုန်း စစ်ဆေးမှု ခံယူချိန်တွင် အင်ဂျင်အလုပ်လုပ်ပုံကို ပြောင်းလဲပေးကာ မီးခိုးထွက်နှုန်း လျော့သွားအောင် လုပ်ပေးသည်။ သို့သော် လက်တွေ့ ကားမောင်းလျှင်မူ ထိုစက်သည် အလုပ် မလုပ်ဘဲနေသဖြင့် မီးခိုးထွက်နှုန်းက စံသတ်မှတ်ချက်ထက် အဆများစွာ ပိုများနေရသည်။
Source...http://www.messengernewsjournal.com
0 comments:
Post a Comment