ခုနှစ်ရက်သားသမီးများအတွက် တားရော့ဝေဒဟောကိန်းများ (သြဂုတ် ၂၇)

ခုနှစ်ရက်သားသမီးများအတွက် တားရော့ဝေဒဟောကိန်းများ (သြဂုတ် ၂၇)

တနင်္ဂနွေ
စာပေလုပ်ငန်း၊ စာနယ်ဇင်း လုပ်ငန်းများ အတိုက်အခိုက်များနှင့် ရင်ဆိုင်ဖြေရှင်းရလိမ့်မည်။ အလုပ်သစ်ရမည်။ သို့မဟုတ် ယခုရက်ပိုင်း အတွင်းမှာ ဆိုင်သစ်ဖွင့်ခြင်း၊ လုပ်ငန်းသစ် လုပ်ခြင်းများ အောင်မြင်မည်။ နိုင်ငံရေး လှုပ်ရှားမှုများမှာ အနှောင့်အယှက်ပေါ်မည်။ နေအိမ်သို့ ဦးထုပ်ဝင်ပါက ကံညံ့မည်။ ယခုရက်အတွင်း ရေလမ်းခရီးရှောင်ပါ။ ယတြာ ။ ။ တနင်္ဂနွေနေ့ တနင်္ဂနွေထောင့်မှာ အောင်သပြေ (၂၃၃) ပွင့်ကပ်လှူပါ။

တနင်္လာ
မြေအရောင်းအ၀ယ် ကိစ္စမှာ စိတ်ညစ်စရာပေါ်မည်။ ယခုရက်မှာ ၀င်ငွေနည်းမည်။ နိုင်ငံရေး လှုပ်ရှားမှုများမှာ ထင်ထားသည်ထက် အောင်မြင်မည်။ ဘုရားဖူး ခရီးသွားရမည်။ ဘာသာရေးနှင့် ပတ်သက်သော အခမ်းအနားများကို တက်ရောက်ခွင့် ရလိမ့်မည်။ နိုင်ငံခြားငွေဝင်မည်။ စာနယ်ဇင်း လုပ်ငန်း၊ မီဒီယာ လုပ်ငန်းများ လုပ်ကိုင်ပါက အရှုံးပေါ်မည်။ ယတြာ။။ တနင်္လာနေ့ တနင်္လာထောင့်မှာ ငါး (၂) ကောင်လွှတ်ပါ။

အင်္ဂါ
ယခုရက်အတွင်း စာမေးပွဲ ဖြေပါက အခက်အခဲပေါ်မည်။ နိုင်ငံရေး လှုပ်ရှားမှုများမှာ အတိုက်အခံများနှင့် ထိပ်တိုက် ရင်ဆိုင်ရမည်။ လူထုအပေါ် စည်းရုံးမှုများမှာ အားနည်းချက် ရှိပါသည်။ စာချုပ်စာတမ်း တစ်ခု ပြုလုပ်ရမည်။ နေအိမ်သို့ အရက်ပုလင်း ရောက်လာပါက ကံညံ့မည်။ ရွှေအရောင်းအ၀ယ်မှာ အမြတ်အစွန်းများ ရမည်။ ယတြာ။။ အင်္ဂါနေ့ အင်္ဂါထောင့်မှာ ရေ (၂၃) ခွက် သပ္ပာယ်ပါ။

ဗုဒ္ဓဟူး
ယခုရက်အတွင်း သတင်းကောင်း ကြားရမည်။ ငွေများများ ၀င်မည်။ ဘဏ်မှာ ငွေချေးထားပါက ချေးငွေရမည်။ နိုင်ငံရေး လုပ်ဆောင်ချက်များ အားရဖွယ်ကောင်းအောင် ပြုလုပ်နိုင်စွမ်း မရှိသေးပါ။ ပါတီတွင်း ညီညွတ်မှုအား နည်းပါသည်။ ၀န်ထမ်း ဖြစ်ပါက ရာထူးတိုး စာမေးပွဲ ဖြေရမည်။ ဆေးရုံသို့ လူနာမေးသွားရမည်။ သွားခဲ့သော် ကောင်း၏။ ယတြာ။။ ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ရွက်လှ (၁၁) ညွှန့် ၊ အုန်း(၁၁) လက်ကပ်လှူပါ။

ကြာသပတေး
ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ ပြဿနာ အနည်းငယ်ပေါ်မည်။ ဖြေရှင်းခဲ့သော် ပြေလည်သွားမည်။ ယခုရက် အတွင်း ငွေဝင်မည်။ နာရီတစ်လုံး ၀င်ပါက ‘၄’ အစ ‘၈’ အဆုံး အောင်ဘာလေထီထိုးပါ။ ဒေါ်လာ အရောင်းအ၀ယ် လုပ်ပါက အမြတ်အစွန်းရမည်။ ကျန်းမာရေးညံ့၏။ ဆေးရုံတက်ကိန်းရှိ၏။ ဦးခေါင်းမှာ ကိုက်ခဲသော ဝေဒနာခံစားရမည်။ ယတြာ။။ ကြာသပတေးနေ့မှာ ကြာသပတေးထောင့်မှာ ဖယောင်းတိုင် (၁၄) တိုင် ထွန်းညှိပူဇော်ပါ။

သောကြာ
တောင်ကုန်း၊ တောင်တန်းဘက်သို့ ခရီးထွက်ရမည်။ ပရဟိတ လုပ်ငန်း၊ လူမှုရေး လုပ်ငန်းများမှာ အခက်အခဲဖြင့် ရင်ဆိုင် ဖြေရှင်းရလိမ့်မည်။ နိုင်ငံရေး လှုပ်ရှားမှုများ၌ အားထုတ်မှု အားနည်းနေပါသည်။ စာပေလုပ်ငန်း၊ မီဒီယာ လုပ်ငန်းများမှာ တိုးတက် အောင်မြင်မည်။ အိမ်၊ အိမ်ခန်း အရောင်းအ၀ယ် ပြုလုပ်ရလိမ့်မည်။ ယခုရက်အတွင်း ပညာရေးနှင့် ပတ်သက်သော သတင်းကောင်း ကြားရမည်။ ယတြာ။။ သောကြာနေ့၌ နေအိမ် ဘုရားစင်မှာ သာကူကပ်လှူပါ။

စနေ
နိုင်ငံရေး လှုပ်ရှားမှုများနှင့် မဲဆွယ် စည်းရုံးမှုများမှာ အောင်မြင်မည်။ နေအိမ် အနီးအနားမှာ သူခိုး ခိုးခံရသော သတင်းကောင်း ကြားရမည်။ ကြားပါက ဖိနပ်ကောင်းတစ်ရံ စွန့်ပစ်ပါ။ အမှုဟောင်းရှိပါက အမှုနိုင်မည်။ ထီပေါက်ကိန်းရှိ၏။ ‘ ၆ ’ အစ ‘ ၆’ အဆုံး ထီထိုးပါ။ နိုင်ငံရေး လှုပ်ရှားမှုများမှာ ညီညွတ်မှု အားနည်းပြီး စည်းလုံးမှုမရှိ ဖြစ်တတ်ပါသည်။ ယတြာ။။ စနေနေ့တွင် စနေထောင့်မှာ ဆီထမင်းကပ်လှူပါ။

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment