ဒီနှစ်ထဲ ကားကြီး ၆ကားရိုက်ထားပြီးဖြစ်တဲ့ ထွန်းထွန်းက စူပါစတား ဒီဗီဒီကို ဆယ်လပိုင်းမှာထွက်ချင်တယ်လို့ဖွင့်ဟ




၂၀၁၅ ထဲမှာ ကားကြီးအနေနဲ့ ၆ကားရိုက်ကူးထားပြီး Shwe FM ခြောက်နှစ်ပြည့်မှာလဲ သီချင်းဆိုဖို့ရှိတယ်လို့ပြောပြလာတဲ့ ထွန်းထွန်းက စင်ကာပူနဲ့ဘန်ကောက်ကိုလဲ ခရီးသွားဖို့ရှိသေးသလို ၁၀လပိုင်းနဲ့ ၁၁လပိုင်းမှာလဲ ကားကြီး ၂ကား ထပ်မံလက်ခံထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလဲ ရောင်စုံဝက်အူများဆိုတဲ့ ဗီဒီယိုကားလေးမှာ ပါဝင်သရုပ်ဆောင်နေတာမို့ထွန်းထွန်းနဲ့တွေ့ဆုံခိုက် သိချင်တာတွေ မေးမြန်းလိုက်တဲ့အခါ
-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။
 ရောင်စုံဝက်အူများတဲ့။ ဟာသကားလေးပဲ။ သူငယ်ချင်း လေးယောက်ဇာတ်လေးပေါ့။ ဒါရိုက်တာက သားညီ၊ ပါဝင်တဲ့ သရုပ်ဆောင်တွေက ကိုနေမင်း၊ ကိုသားညီ၊ ကျွန်တော်ရယ် ကြက်ဖရယ်ပေါ့။ မင်းသမီးက ဖြိုးရည်မျိုးပါ။ ကျွန်တော်တို့သူငယ်ချင်း ၄ ယောက်က ကောင်မလေးတစ်ယောက်တည်းကို ၀ိုင်းပိုးတဲ့ ဇာတ်လေးပေါ့။
-အစ်ကို ကိုယ်ပိုင်အမှတ် ၃၇၆ ဆိုတဲ့ကားလေးမှာလဲ အစ်ကို ပါဝင်တယ်လို့သိရတယ်။ အဲ့ဒီကားလေးနဲ့ပတ်သက်ပြီးတော့လဲ ပြောပြပေးပါဦး။
အဲ့ဒီကားလေးက တော်တော်ထူးခြားတယ်။ ဒါပေမဲ့ကျွန်တော့ ကာရိုက်တာကို ပြောလိုက်ရင် တစ်ကားလုံး သိသွားမှာ ဇာတ်လမ်းပေါ်သွားမှာ စိုးလို့ပါ။ အဲ့ဒီကားလေးကို ရိုက်ဖြစ်တာက အဓိက ကတော့ မေပန်းချီက သူ့ကို ခေါင်းဆောင်ရိုက်ဖို့ ကားတွေရှိတယ်ဆိုပြီး ကျွန်တော့ကို ကမ်းလှမ်းလာတယ်။ အဲ့ဒီမှာ ကိုညိုနဲ့ရိုက်မယ်ပြောတော့ ကိုညိုကလဲ ညီလေး အစ်ကိုဇာတ်တွေ စီစဉ်ထားတယ် ဆွဲမယ်ဆိုတော့လေ။ ပြီးတော့ ကိုညိုနဲ့ရိုက်ရင် ကျွန်တော်က ဘယ်တော့မှ ဇာတ်တောင်းလေ့မရှိပါဘူး။ သေချာတာက ကျွန်တော် အဲ့ဒီကားရိုက်တုန်းကဆို တိုက်ဖိုက်ဖြစ်နေတာ။ မနက်ဆေးတစ်လုံး ညဆေးတစ်လုံးထိုးပြီး ရိုက်ရတာဆိုတော့လေ။ ဒိုင်ယာလော့ခ်တွေကလဲ အရမ်းကျက်ရတယ်။ အဲ့ဒီတုန်းက အခက်အခဲဆို ဒိုင်ယာလော့ခ်ကျက်ရတဲ့ အခက်အခဲပဲရှိတယ်။ ကျန်တာ ဘာမှမရှိပါဘူး။
-စူပါစတား ဒီဗီဒီကရော ဘယ်လိုအခြေအနေရှိလဲ။
 နောက်လဆို ကျွန်တော့ရဲ့ စူပါစတား ဒီဗီဒီထွက်ပါပြီ။ အမ်တီဗီက ဆင်ဆာတင်နေပြီဆိုတော့လေ။ နောက်ပြီး Shwe FM ခြောက်နှစ်ပြည့်ပွဲမှာ သီချင်းတစ်ပုဒ်ဆိုပါမယ်။ သီချင်းနာမည်လေးက အရင်ကလိုမျိုးပါ။
-စူပါစတားက ရွေးကောက်ပွဲပြီးမှထွက်မှာလား။
ပရိုဂျူဆာကတော့ ရွေးကောက်ပွဲပြီးမှ ပဲထုတ်ချင်တယ်။ ဒါပေမဲ့ကျွန်တော်ကတော့ ၁၀လပိုင်းထဲဖြန့်ချင်တဲ့ သဘောမှာရှိနေတယ်။
-ရုပ်ရှင်ကားကြီး အနေနဲ့ထပ်ရိုက်ဖို့လက်ခံထားတာတွေက။
ဆယ်လပိုင်း လလယ် တစ်ကား လက်ခံထားတယ်။ ဆယ့်တစ်လပိုင်းလလယ် တစ်ကားလက်ခံထားတယ်။
-အခုပြန်ရိုက်တဲ့နှစ်မှာပဲ ရုပ်ရှင်ကားကြီးတွေ ပိုရိုက်တာတွေ့ရတယ်။
ဟုတ်ကဲ့။ များတယ်ဆိုပေမဲ့ ကာရိုက်တာတူသွားတဲ့ ကားဆိုတာတော့ မရှိပါဘူး။ ဟာသကားဆိုပေမဲ့ ကာရိုက်တာ မတူတဲ့ ပုံစံလေးတွေ လာကမ်းလှမ်းကြပေမဲ့ ကျွန်တော်ကတော့ ဟာသပဲဖြစ်ဖြစ် ဒရာမာပဲဖြစ်ဖြစ် အကောင်းဆုံးကြိုးစားသွားမှာပါလို့။ ဒါပေမဲ့ ဟာသကတော့ ပိုများတာပေါ့။ ကားကြီးက ၆ကား ရိုက်ပြီးသွားပြီ။ နောက်၂ကား ထပ်ရိုက်မယ်ဆို ၈ကားပေါ့။
-မကြာခင်မှာ ကျင်းပတော့မဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအစ်ကို့အမြင်လေးကိုလဲသိချင်ပါတယ်။
မဲစာရင်းလဲ စစ်ပြီးပြီ။ မဲလဲပေးမှာပါ။ နောက်ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲမဟုတ်ပဲ တကယ့်ရွေးကောက်ပွဲကြီးလုပ်မယ်။ နောက်ပြည်သူတွေရွေးချယ်တဲ့အပေါ်မှာ မူတည်ပြီးတော့ အစိုးရ သစ်တစ်ခုဖြစ်လာမဲ့အပေါ်မှာလဲ ကျွန်တော် ရင်ခုန်လှုပ်ရှားမိပါတယ်ခင်ဗျာ။
-ရွေးကောက်ပွဲပြီးရင် မြန်မာနိုင်ငံကို ဖြစ်စေချင်တဲ့ ဆန္ဒလေးက။
သေချာတာကတစ်ခုကတော့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးနဲ့ကျွန်တော့စိတ်နဲ့ထပ်တူကျပါတယ်လို့။
-ပြည်ပခရီးစဉ်တွေရော လက်ခံထားတာ ရှိဦးမလား။
လောလောဆယ်ဆယ်ဆို နောက်လဆန်းမှာ စင်ကာပူသွားဖို့ရှိတယ်။ ကိုဘိုစန်းတို့လုပ်တဲ့ပွဲ၊ ဦးဇာဂနာဦးစီးပြီးတော့လုပ်တာ peace Myanmar အော်ပရာ ရှိုး အဲ့ဒါလေးသွားကဖို့ရှိတယ်။ နောက်ပြီး အခုလာမဲ့ ၂၇က ဘန်ကောက် သွားဖို့ရှိတယ်။ ကိုဖိုးချစ်တို့Football Crazy ဆိုတဲ့ အဖွဲ့ကဦးစီးပြီးတော့ ဘောလုံးသွားကန်မယ်။ သီချင်းသွားဆိုဖို့ရှိပါတယ်။
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment