Skin-care အလှကုန်ပစ္စည်းနဲ့ တည့်မတည့် ဒီလို စမ်းသပ်သိရှိနိုင်


အိုမင်းရင့်ရော်မှုဖြစ်စဉ်နှေးကွေးစေတဲ့ retinol, vitamin C, alpha hydroxyl acid စတဲ့ ပစ္စည်းတွေဟာ အသားရေကို နီမြန်း သို့မဟုတ် ခြောက်သွေ့စေပါတယ်။ ဒါပေမယ့် အဲဒါ အကျိုးသက်ရောက်မှုဖြစ်ခြင်းတစ်မျိုးပဲ မဟုတ်လား။
ဒါပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။ အရေပြားနီမြန်းခြင်း သို့မဟုတ် ယားယံတာဟာ နေမထိထိုင်မသာဖြစ်ခြင်း သို့မဟုတ် ဓာတ်မတည့်လို့ ဖြစ်နိုင်ကြောင်း အရေပြားရောဂါအထူးကုဆရာဝန်တစ်ဦးဖြစ်သူ Doris Day က ဆိုပါတယ်။ ပစ္စည်းကို လက်မောင်းအတွင်းသားမှာ အရင်စမ်းသုံးကြည့်ပါ။ တုံ့ပြန်မှု သိသိသာသာ ရှိနေပါက ဒါ ဓာတ်မတည့်တဲ့ လက္ခဏာတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
အဆင်ပြေရင်တော့ အဲဒီဖော်မြူလာကို အရေပြားမှာ ညင်သာစွာ ပွတ်လိမ်းပေးပါ။ အလှဆီကို အောက်ခံအဖြစ်ထားပြီး အဲဒါကို နေ့တိုင်းသုံးပါ။ အလှဆီကို အရေပြားမှာ အရင်စိမ့်ဝင်အောင်လုပ်ပါလို့ Day ကဆိုပါတယ်။ အဲဒါကို တစ်နာရီလောက် ထားနိုင်တယ်။ သို့သော် အကျိုးတော့ ဖြစ်ထွန်းပါလိမ့်မယ်။ ဒီလိုလုပ်တာ ပစ္စည်းရဲ့ စုပ်ယူမှု နှေးကွေးစေနိုင်ပါတယ်။ မျက်နှာ စပ်ဖျဉ်းဖျဉ်းဖြစ်နေသေးရင် ဓာတ်မတည့်ခြင်း ပျောက်စေတဲ့ hydrocortisone cream နဲ့ ပြန်ဖြေပါ။ နောက် အဲဒီပစ္စည်းကို ဆက်မသုံးပါနဲ့တော့။ 
Ref: allure
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment