ထိုင်း ၀င်ငွေနိမ့်ပြည်သူများအတွက် ဘတ်စ်ကားနှင့် ရထား အခမဲ့စီးနင်းခွင့် ၃ လ ထပ်တိုး



ထိုင်းနိုင်ငံမှာ ၀င်ငွေနိမ့်ပြည်သူတွေအတွက် သတ်မှတ်ထားတဲ့ အများပြည်သူသုံး ဘတ်စ်ကားနဲ့ ရထားအခမဲ့ စီးနင်းခွင့်ကို ၃ လ ထပ်မံစီးနင်းခွင့်ပြုသွားမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး အွန်မ်ဆင်ရှီဗာပရွတ်ခ်က စက်တင်ဘာ ၂၈ ရက်နေ့မှာ ပြောပါတယ်။

အရင်က ထိုင်းအစိုးရ ခွင့်ပြုထားခဲ့တဲ့ အများပြည်သူသုံး ဘတ်စ်ကားနဲ့ ရထားတွေ အခမဲ့ စီးနင်းနိုင်တဲ့ ကာလဟာ အောက်တိုဘာ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလကုန်ထိ ၃ လတာ ထပ်မံတိုးမြှင့်လိုက်တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက် အများပြည်သူ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ (ဘီအမ်အေ) မှ အမှုဆောင်ဒါရိုက်တာ ပရာနီဆူဂါဆောင်က ပို့ဆောင်ရေးဝန်ကြီးဌာန ကော်မတီအနေနဲ့ နေ့စဉ် ပုံမှန်ခရီးဝေး သွားလာအလုပ်လုပ်ကြရသူ ၀င်ငွေနိမ့် ပြည်သူတွေအတွက် အခမဲ့စီးနင်းနိုင်မယ့် အများပြည်သူသုံး ဘတ်စ်ကားနဲ့ ရထားစီးနင်းခွင့်ကတ်တွေကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ထုတ်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒီ အခမဲ့စီးနင်းနိုင်တဲ့ စီမံချက်ဟာ အစိုးရဦးဆောင်တဲ့ ပြည်သူ့အင်အားစုပါတီက ၂၀၀၈ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ၀င်ငွေနိမ့်ပြည်သူတွေအတွက် ၆ လ တကြိမ် သက်တမ်းတိုးပြီး စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။

DVB
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment