မော်တော်ကားကို လှေလိုလုပ်ပြီးမောင်းနှင်ပြခဲ့သူ တားမြစ်ခံရ

Police have arrested a man who tried to sail down the river Tiber in Rome - in a Maserati sports car!
Modified Maserati: Marco Amoretti's ambitious journey was stopped in its tracks


နည်းနည်းရူးကြောင်ကြောင် နိုင်တဲ့ အတွေးမျိုးရှိသူ ယာဉ်မောင်းတစ်ဦးဟာ သူ့ရဲ့ Maserati Sports ကား ကို Rome မြို့လယ်ခေါင်းက Tiber မြစ်ထဲမှာ မောင်းပြပြီးတဲ့နောက်မှာ မထင်မှတ်ထားတာ တွေဖြစ်ခဲ့ရပါတာ်.

အသက် ၄၀ ရှိနေပြီဖြစ်တဲ့ Marco Amoretti ဆိုသူဟာ သူ့ရဲ့ မော်တော်ကားကို ကုန်း ၊ ရေ နှစ်သွယ် သုံး ယာဉ် အဖြစ် ပြောင်းလဲပြီး Rome မြို့ကနေ Venice မြို့ အထိ Tiber မြစ် ကို ဖြတ်သန်းမောင်းနှင်ပြခဲ့တာ ပဲဖြစ်ပါတယ်။

ဒါပေမယ့် ထိုကားလိုလို လှေလိုလို အရာကိုတွေ့သွားတဲ့ မီးသတ်သမားတွေက ရဲကို အကြောင်းကြားခဲ့ပါတယ်။ မီးသတ်သမားတွေထင်သွားခဲ့တာက မြစ်ထဲမှာ ကားတစ်စီး နစ်မြုပ်နေတယ်ထင်လို့ပါ။ ရဲတပ်ဖွဲ့တွေ စစ်ဆေးမေးမြန်းခဲ့တဲ့ အခါမှာတော့ ထိုကားသမားက သူဟာ ထို မော်တော်ယာဉ်ကို ရေကြောင်းခရီးစဉ်နဲ့ အီတလီအရှေ့တောင်ပိုင်းမှာ ရှိတဲ့ La Spezia မြို့ကနေ စတင်မောင်းနှင်လာတာဖြစ်ပြီး သူ့ရဲ့နောက်ဆုံး ပန်းတိုင်ဖြစ်တဲ့ Venice မြို့ကို အရောက်သွားနေတာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

Amoretti ဟာ ထိုပုံစံအတိုင်းပဲ ၂၀၀၉ ခုနှစ်တုန်းက တစ်ခါကြိုးစားခဲ့ဖူးပေမယ့် အဲဒီတုန်းကလည်း အဖမ်းခံခဲ့ရပါသေးတယ်။ ဒီတစ်ကြိမ်မှာလည်း မီးသတ်တပ်ဖွဲ့ဝင်တွေက သူ့ရဲ့ မော်တော်ယာဉ်ကို ရေထဲကနေဆယ်ယူပြီး ကုန်းမြေပေါ်ပြန်တင်ပေးလိုက်ကြပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ်တုန်းကလည်း Amoretti ဟာ အတ္တလန်တစ် သမုဒ္ဒရာထဲမှာ Volkswagen မော်ဒယ်လ် အဟောင်းဖြစ်တဲ့ လိပ်ခုံးကောင်းကို လှေအသွင်ပြုပြင်ပြီး မောင်းနှင်ပြသခဲ့ဖူးတယ်ဆိုတဲ့ မှတ်တမ်းတွေလည်းရှိခဲ့ပါတယ်။

( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment