ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားနည်းကို ၀င်ရောက် ဆင်နွှဲပြီး ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ပါက ပေါင် (၂၀၀၀) ရရှိမည့် အခွင့်အရေး တစ်ရပ်ကို တရုတ်နိုင်ငံ၊ နန်ကျင်းမြို့ရှိ ရှောပင်းစင်တာ တစ်ခုတွင် ပြုလုပ်ခဲ့သည်။
ဆိုင်သို့ လာရောက်သည့် ဈေးဝယ်သူများ ပျော်ရွှင်စေရန်နှင့် ပရိုမိုးရှင်း ပြုလုပ်သည့်အနေဖြင့် ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကစားနည်းမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ ငွေစက္ကူထည့်ထားသော အ၀ိုင်းပုံစံအမိုးထဲကို ၀င်ရောက်ပြီးနောက် လေမှုတ်စက်ဖြင့် ငွေစက္ကူများကို ပြန့်ကျဲသွားအောင် ပြုလုပ်ခဲ့သည်။ ယင်းနောက် အထဲတွင် ရောက်နေသူက ငွေစက္ကူများကို လက်ဖြင့် ဆုပ်ကိုင် ဖမ်းထားရမည် ဖြစ်သည်။ စက္ကန့် (၂၀) အချိန်ပေးထားပြီး သတ်မှတ်ထားသည့် အချိန်အတွင်း အများဆုံး ကိုင်ဆုပ်နိုင်သူသည် ပေါင် (၂၀၀၀) ရရှိမည် ဖြစ်သည်။ လွယ်မယောင်နှင့် ခက်သည့် ကစားနည်း ဖြစ်ပြီး၊ ဆုကြေးအများအပြား ရရှိမည် ဖြစ်သောကြောင့် ၀င်ရောက် ယှဉ်ပြိုင်သူ အများအပြား ရှိသည်။ သို့သော် ပြိုင်ပွဲကို နှစ်ဆင့် ကျင်းပခြင်းကြောင့် ခက်ခဲစွာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပထမအဆင့်ကို ဖြတ်ကျော်နိုင်သူများသည် နောက်ဆုံးအဆင့်ကို ရောက်ရှိမည် ဖြစ်သည်။ နောက်ဆုံးအဆင့် ယှဉ်ပြိုင်ပြီးမှ ချန်ပီယံဆုရရှိသူကို ရွေးထုတ်ပေးသွားမည် ဖြစ်သည်။ ငွေစက္ကူများကို လိုက်လံ ဖမ်းရသောကြောင့် စိတ်လှုပ်ရှားစရာ ကောင်းပြီး ပြိုင်ပွဲဝင်များကို ဆွဲဆောင်မှု ဖြစ်စေခဲ့ကြောင်း သိရသည်။
Source...http://www.messengernewsjournal.com/
0 comments:
Post a Comment