ရုရှားခရီးသည်တင် လေယာဉ်တွေ ယူကရိန်းထဲ ပေးမ၀င်



ယူကရိန်းနိုင်ငံတွင်းသို့ ရုရှား ခရီးသည်တင် လေယာဉ်များ ဆင်းသက်ခွင့်ကို အောက်တိုဘာလ (၂၅) ရက်က စတင်ကာ ပိတ်ပင်မည်ဟု ယူကရိန်းအစိုးရက ကြေညာသည်။ ယူကရိန်း အရှေ့ပိုင်းတွင် မတည်ငြိမ်မှုများ တိုးပွားအောင် ရုရှားက မြှောက်ပေးနေခြင်းကို တန်ပြန်သောအားဖြင့် ပိတ်ဆို့ခြင်းဖြစ်သည်ဟု ယူကရိန်းက ပြောသည်။
    ပိတ်ပင်မှုထဲတွင် ရုရှားအဓိက လေကြောင်းလိုင်းများ ဖြစ်သော Aeroflot နှင့် Transaero တို့လည်း ပါဝင်သည်။ ယူကရိန်း-ရုရှား တိုက်ရိုက်လေယာဉ်များသာ မက ယူကရိန်းကို ကြားခံကာ ရုရှားနှင့် ချိတ် ဆက်ပျံသန်းမည့် လေယာဉ်များပေါ်တွင် ရုရှား စစ်ဘက်အရာရှိများနှင့် စစ်ဘက် ကုန်စည်များ ပါလာပါကလည်း ထိုလေယာဉ်များကို ဆင်းသက်ခွင့်ပေးမည် မဟုတ်ဟု ယူကရိန်းက ကြေညာထားသည်။
    ယူကရိန်း၏ လုပ်ရပ်သည် ခပ်ကြောင်ကြောင် လုပ်ရပ်ဟု ရုရှား အစိုးရက ဝေဖန်ထားသည်။ ခပ်ပြင်းပြင်း ပြန်ထိုးနှက်မည် ဟုလည်း သတိပေးလိုက်သည်။
    ၂၀၁၄ ဧပြီတွင် ယူကရိန်း အရှေ့ပိုင်း၌ ခွဲထွက်ရေး လှုပ်ရှားမှုများ ပေါ်ပေါက်ကာ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ယခုအချိန်ထိ လူပေါင်းရှစ်ထောင်ကျော် သေဆုံးခဲ့ရပြီ ဖြစ်သည်။ ခွဲထွက်ရေးသမားများ အုပ်စိုးထားသော ဒန်ညက်နှင့် လူဟန့်ဒေသများသို့  ရုရှားသည် တပ်များ စေလွှတ်နေသလို၊ ခွဲထွက်ရေး လှုပ်ရှားသူများကိုလည်း လက်နက် တပ်ဆင်ပေးနေသည်ဟု ယူကရိန်း အစိုးရက စွပ်စွဲထားသည်။
    စွဲချက်ကို ရုရှားအစိုးရက ငြင်းဆိုထားသည်။ ရုရှားစစ်သားများ ၀င်တိုက်နေသည် ဆိုခြင်းမှာလည်း ရုရှားစစ်တပ်က စေလွှတ်သူများ မဟုတ်၊ ကိုယ့်သဘောနှင့်ကိုယ် သွားတိုက်နေသူများသာ ဖြစ်ကြောင်း ရုရှားအစိုးရက ဆိုထားသည်။
    ယူကရိန်းအရေးနှင့် ပတ်သက်ပြီး ဥရောပနိုင်ငံများနှင့် အမေရိကန်တို့သည် ရုရှားကို စီးပွားပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားသလို၊ ရုရှားကလည်း ဥရောပနှင့် အနောက်တိုင်း ထွက်ကုန်များကို တန်ပြန် ပိတ်ဆို့ထားသည်။
Source: BBC
http://www.messengernewsjournal.com/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment