သယ်ယူနိုင်သော ကျွန်းတု




ချမ်းသာကြွယ်ဝသူများသည် တန်ဖိုးကြီးမားသော ရွက်လှေများ ၀ယ်ယူကာ ပင်လယ်ပြင်သို့ အပန်းဖြေ ခရီးထွက်လေ့ရှိသည်။ သို့သော် အနာဂတ်တွင် ရွက်လှေများဖြင့်  ခရီးထွက်ခြင်းကို မေ့ပစ်ရမလို ဖြစ်နေသည်။ အကြောင်းမှာ ရွက်လှေများ နေရာတွင် သယ်ယူနိုင်သော ကျွန်းတုများ အစားဝင်နိုင်သောကြောင့် ဖြစ်သည်။ ကျွန်းတုများသည် ကမ္ဘာ့ မည်သည့် နေရာတွင်မဆို သယ်ယူသွားနိုင်သည်။ ရွက်လှေများထက် ပိုကြီးပြီး ပိုကောင်းသည့် ခေတ်မီပစ္စည်းများ တပ်ဆင်ထားခြင်းကြောင့် ပင်လယ်ပြင်တွင် အကောင်းဆုံး အနားယူနိုင်မည် ဖြစ်သည်။
      အထူးခြားဆုံးမှာ ပင်လယ်ပြင်တွင် အန္တရာယ် မရှိတော့ခြင်း ဖြစ်သည်။ အလွန်ကြီးမားသော အိမ်၊ ရေတံခွန်၊ ရပာတ်ယာဉ် နားရန်နေရာ စသည့်အရာများကြောင့် ရွက်လှေများနှင့် ကွဲပြားခြားနားနေပြီး  ပင်လယ်ပြင်တွင် အကောင်းဆုံး အနားယူနိုင်မည် ဖြစ်သည်။ တန်ဖိုးကြီး လှေများကို ကပ်နားနိုင်အောင်လည်း ပြုလုပ်ထားသည်။
      သယ်ယူနိုင်သော ကျွန်းတုကို ပိုင်ဆိုင်သူသည် လှပသော ပင်လယ်ပြင်ကို  (၃၆၀)  ဒီဂရီဖြင့် မြင်နိုင်အောင် ပြုလုပ်ပေးထား သည်။ ဓာတ်လှေကားကိုလည်း တပ်ဆင်ပေးထားသည်။ အလှပြင်ခန်း၊ ကာယ လေ့ကျင့်ရေးရုံ၊ အရက်ဘား၊ ရေကူးကန် စသည့် ဇိမ်ခံနိုင်သော အရာအားလုံးကို ပြုလုပ်ပေးထားသည်။ ယင်းကို Migaloo ကုမ္ပဏီက ဖန်တီးသွားမည် ဖြစ်ပြီး အနာဂတ်တွင် မြင်တွေ့ရန် အလွန်နီးစပ်နေပြီ ဖြစ်သည်။
       Migaloo သည် နည်းပညာမြင့် ရွက်လှေများ ဆောက်လုပ်နေခြင်း ဖြစ်ပြီး အနာဂတ်တွင် အေးဆေးစွာ အနားယူနိုင်ရေး သယ်ယူသွားနိုင်သော ကျွန်းတုကို ဖန်တီးသွားမည် ဖြစ်သည်။ ထို့ကြောင့် သယ်ယူနိုင်သော ကျွန်းတုများ ဖန်တီးနိုင်ရေး ၀ယ်ယူလိုသူများနှင့် ဆွေးနွေးတိုင်ပင်မည် ဖြစ်သည်။ လက်ရှိတွင် စိတ်ဝင်စားသူ အများအပြား ရှိနေသည်။ Migaloo ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အနာဂတ်တွင် ဖြစ်ပေါ်လာမည့် သယ်ယူသွားနိုင်သော ကျွန်းပုံစံကို အကောင်းဆုံး ဖန်တီးနေကြောင်း၊ မိမိတို့၏ ဖောက်သည်များကလည်း စိတ်ဝင်စားကြောင်း၊ ထို့ကြောင့် မကြာမီ မြင်တွေ့ရတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။  သယ်ယူနိုင်သော ကျွန်းတုသည် ရေထဲတွင် နေထိုင်နိုင်ရန် ပထမဆုံး စမ်းသပ်မူတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment