ကျန်းမာရေး သုတေသနအတွက် ကိုကာကိုလာ ဒေါ်လာ သန်း (၁၂၀) နီးပါး အသုံးပြု



ကျန်းမာရေး သုတေသနလုပ်ငန်းများ အတွက် ဒေါ်လာသန်း (၁၂၀) နီးပါး အသုံးပြုကာ ကိုကာကိုလာ ထုတ်ကုန်များ ကျန်းမာရေးနှင့်ညီဖို့ ကြိုးစားထားကြောင်း ကိုကာကိုလာက ထုတ်ပြန် အသိပေးသည်။ ကိုကာကိုလာကြောင့် အမေရိကန်တွေ အ၀လွန်နေရသည် ဟူသော စွဲချက်များ ရင်ဆိုင်နေရချိန်တွင် ကိုကာကိုလာက ယခုလို ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။

ကိုကာကိုလာသည် ၎င်းတို့ ကျန်းမာရေး သုတေသန လုပ်ငန်းများ အကြောင်း၊ သုတေသနများတွင် ပါဝင်ဆောင်ရွက်နေသည့် ပညာရှင်များအကြောင်း သီးခြား ဖော်ပြပေးမည့် ၀ဘ်ဆိုက်တစ်ခုလည်း ထူထောင်လိုက်သည်။ ကိုကာကိုလာကြောင့် အမေရိကန်တွေ အ၀လွန်နေရသည် ဟူသော စွဲချက်များ ဂယက်ရိုက်နေသောကြောင့် အမေရိကန်တွင် ကိုကာကို လာရောင်းအားများ ထိခိုက်နေရသည်မှာ ဆယ်စုနှစ် တစ်ခုနီးပါးရှိနေပြီ ဖြစ်သည်။

“အ၀လွန်ခြင်း တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ကိုကာကိုလာရဲ့ အားထုတ် ကြိုးပမ်းချက်ဟာ လုံလောက် တယ်လို့တော့ မပြောနိုင်သေးပါဘူး။ ဒါကြောင့် သိပ္ပံ သုတေသနတွေ ပိုတိုးမြှင့် လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”ဟု ကိုကာကိုလာ၏ မြောက်အမေရိကဆိုင်ရာ ဥက္ကဋ္ဌ ဆန်ဒီ ဒေါက်ဂလက်စ်က ပြောသည်။

Source..messenger news journal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment