ဒလိုင်းလားမား ရဲ့ နေရာမှာ ဆက်ခံ အစားထိုးမယ့်သူဟာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်နိုင်



ဒလိုင်းလားမား က သူ့နေရာမှာ ဆက်ခံမယ့်သူ ဟာ အမျိုးသမီးဟာ ဖြစ်နိုင်ပြီး သူမဟာလည်း အရမ်းကို ဆွဲဆောင်မှု ရှိရမယ်လို့ ဆိုလိုက်ပါတယ်။

ဘာသာရေး ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒလိုင်းလားမား ဟာ သူ့နေရာမှာ အမျိုးသမီး တစ်ယောက် အစားမထိုးနိုင်စရာ အကြောင်းမရှိဘူးလို့ ဆိုတဲ့အပြင် ထိုဆက်ခံမယ့် အမျိုးသမီး ဟာလည်း ဇီဝဗေဒ သဘောအရ ချစ်ခြင်းတရား နဲ့ အကြင်နာတရား ကို အံဝင်ခွင်ကျ ဖြစ်နိုင်သူ ဖြစ်ရမယ် လို့လည်း ထည့်သွင်းပြောကြားထားပါတယ်။

BBC သတင်းဌာန ကို ပြောကြားခဲ့ပုံအရတော့ ဒလိုင်းလားမား ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်က ပြင်သစ် ဂျာနယ်လစ် တစ်ယောက်ကို ထင်မြင်ချက်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လည် အစဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

"အမျိုးသမီးတွေဟာ ပိုပြီးအရေးကြီးတဲ့ ကဏ္ဍတွေမှာ တာဝန်ယူသင့်ပါတယ်" လို့ သူက ဆိုပါတယ်။

"ငါ အဲဒီတုန်းက သတင်းထောက်တစ်ယောက်ကိုပြောခဲ့တယ်။ အကယ်၍ အမျိုးသမီး ဒလိုင်းလားမား ရှိလာခဲ့ရင် သူမရဲ့ မျက်နှာဟာ အရမ်းကို ဆွဲဆောင်မှု ရှိသင့်တယ်" လို့ ဒလိုင်းလားမားကဆိုထားပါတယ်။

ဒါကို BBC သတင်းထောက်က ဒလိုင်းလားမား ရဲ့ ပြင်သစ်သတင်းထောက်ကို ပြောဆိုခဲ့မှု ဟာ ဟာသ တစ်ခုလားပြန်လည် မေးမြန်းတဲ့အခါမှာတော့ တိဘက် ဘာသာရေးခေါင်းဆောင်က ဒါဟာ မှန်ကန်တယ်လို့ ဆိုခဲ့တာပဲဖြစ်ပါတယ်။

ဒလိုင်းလားမားဟာ ဒီနှစ်မှာ သူ့ရဲ့ အသက် ၈၀ နှစ်ပြည့်မွေးနေ့ကိုကျင်းပနေခဲ့တာဖြစ်ပြီး လန်ဒန်မြို့ကိုလည်း အကြင်နား တရား နဲ့ ပတ်သက်တဲ့ တရားတွေဟောပြောပို့ချဖို့ ခရီးထွက်ခဲ့ပါသေးတယ်။

( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment