မြန်မာရွှေ့ပြောင်းအလုပ်သမားအချင်းချင်း သတ်ဖြတ်မှု


(သတ်သွားသူအဖြစ် စွတ်စွဲခံထားရသူကတော့ ကဒ်ပြားထဲက တရုတ်ကြီးဆိုသူဖြစ်တယ်။ သူဟာ အခုချိန်မှာ တိမ်းရှောင်နေပါတယ်) Photo by ကိုတေ ၊ Mae Sot
10 Sept 2015 | SAW | Mae Sot

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဘက်က မယ်ကုကျေးရွာ ရပ်ကွက် (၈) မှာ နေထိုင်တဲ့ မြန်မာအလုပ်သမားအချင်းချင်း သတ်ဖြတ်မှု ယမန့်နေ့ညက ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးသူမှာ မယ်ကုရွာမှာ လယ်ယာစိုက်ပျိုးရေးအလုပ် လုပ်ကိုင်နေတဲ့ သေဆုံးခဲ့သူ ဘိုခက် အသက် ၃၄ နှစ် ဖြစ်ပါတယ်။ ဒီကနေ့မနက်မှာ သူ့လယ်တဲက အိပ်ယာပေါ်မှာ ယာဘက်လည်ပင်း ပျက်ရှဒဏ်ရာနဲ့ ပတ်ဝန်းကျင်းက အလုပ်သမားအချင်းချင်းက တွေ့ရှိခဲ့တာ ဖြစ်တယ်။ ထိုင်းမှုခင်းရဲတွေခန့် ပြောဆိုချက်အရ စက်တင်ဘာလ ၁၀ ရက်နေ့၊ မနက် ၁ နာရီလောက်ကတည်းက သေဆုံးနေခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မသေဆုံးခင် ညက ဘိုခက်နဲ့အတူနေ သူငယ်ချင်းဖြစ်သူ တရုပ်ကြီးတိုဟာ အပြင်မှာ အရက်အတူတူသောက်ခဲ့ကြပြီး၊ သေဆုံးခဲ့သူ ဘိုခက်က သူနေထိုင်ရာယာတဲကို တဦးတည်း ပြန်လာခဲ့တာကို မြင်လိုက်မိတဲ့ ပတ်ဝန်းကျင်က မြန်မာအလုပ်သမားတွေက ပြောပြပါတယ်။ သေဆုံးခဲ့သူ ဘိုခက် နဲ့ တရုပ်ကြီးဆိုသူဟာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက အတူနေနေကြတာ ဖြစ်တယ်လို့ သိရတယ်။

သေဆုံးခဲ့သူဟာ ပဲခူးတိုင်း တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ ဒိုးတန်းရွာသား ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တရုတ်ကြီး ဆိုသူမှာ ပဲခူးတိုင်း တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းဒေသ၊ တောကျွဲအင်းရွာက ဖြစ်ပါတယ်။

ထိုင်းရဲတွေက တရုတ်ကြီးဆိုသူကို ဒီလူသတ်မှုမှာ သံသယရှိခံရသူအဖြစ် ဖမ်းဝရမ်းထုတ်ထားပြီး၊ တရုပ်ကြီးဟာ မြန်မာနိုင်ငံဘက်ကို ညတွင်းချင်း တိမ်းရှောင်သွားပြီးဖြစ်တယ်လို့ ထိုင်းရဲတွေရဲ့ ပြောပြချက်အရ သိရတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment