အွန်းလိုင်းပေါ် တွင်ကျယ်စွာ သုံးလာကြတဲ့ ရယ်မောခြင်းဆိုင်ရာ သင်္ကေတ စကားအသုံးအနှုန်းများအကြောင်း သိကောင်းစရာ


အွန်လိုင်းပေါ် အပျော်သုံးစွဲတဲ့ ဝေါဟာရတွေမှာ အဓိပ္ပါယ် အမျိုးမျိုးရှိပါတယ်။ ခုခေတ်မှာ အများစုက “haha” သို့မဟုတ် Emoji တစ်ခုခု အသုံးပြုလေ့ရှိကြတယ်။ ဖေ့စ်ဘုတ်ထဲ တွေ့ရတဲ့ဟာတွေကို အဓိပ္ပါယ်အပြည့်အစုံ သိနိုင်ပေမယ့် တခြား မတူညီကွဲပြားတဲ့ ရယ်မောမှုပုံစံတွေ သုံးစွဲလာရင် သူတို့ရဲ့ တကယ့် အနက်အဓိပ္ပါယ်အစစ်အမှန်ကို အချိန်ပေးလေ့လာရတော့မှာ ဖြစ်တယ်။
“Haha”ဒီနေရာမှာ အဓိက “haha” နဲ့ “hahahaha” လို့ သုံးစွဲမှုကို သိစေချင်တယ်။ တကယ်တော့ မရယ်ရတဲ့ ဟာသပြက်လုံးမှာ ဒီ haha တွေကို အလွန်အကျွံမသုံးရဘူး မဟုတ်လား။
“Emoji”အီမိုဂျီတွေ သုံးတာ မိမိဟာ လူငယ်တစ်ယောက်ပါ ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ အီမိုဂျီမသုံးဘဲ တခြားသူကို အခြားဘယ်လိုနည်းနဲ့ အပြန်အလှန်စကားပြောမလဲ မသိပါ လို့ ဆိုလိုခြင်းဖြစ်တယ်။ ပျော်လွန်းလို့ မျက်ရည်ပေါက်ပေါက်ကျတဲ့ပုံတွေဟာ ရယ်မောပျော်ရွှင်မှု အမျိုးမျိုး ကို ကိုယ်စားပြုတယ်။ ဆိုတော့ အနည်းဆုံး ဘယ်ဟာက အသင့်တော်ဆုံးလဲ ဆုံးဖြတ်ဖို့ ၂ မိနစ်သာ ကြာတယ်။
“LOL”LOL လို့ ရေးလိုက်ပါက သင် (laughing out loud) အသံထွက်အောင် ရယ်ချလိုက်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ အသက် ၃၅ နှစ်အထက် ရှိပြီလို့လည်း ဆိုလိုတယ်။ သို့မဟုတ် စကားပြောဆိုမှု အဆုံးသတ်ချင်ရင်လည်း သုံးပါတယ်။ “K” ကို လည်း အဲ့သဘောနဲ့ သုံးကြပါတယ်။
“Hehe”“hehe” လို့ ရေးသားသုံးနှုန်းလိုက်တာ တစ်စုံတစ်ခုကို ညစ်ပတ်တယ် သို့မဟုတ် မသန့်ရှင်းဘူးလို့ သွယ်ဝိုက်နည်းဖြင့် ကြိုးစားပြောဆိုနေတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။
Ref: popsugar 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment