သုံးစွဲသူအကောင့် 381 ခုကို လိမ်လည်ပြင်ဆင်မှုကြောင့် Wikipedia ဘလော့


Wikipedia အင်္ဂလိပ်ပိုင်းအယ်ဒီတာတွေဟာ စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းရှင်တွေနဲ့ အနုပညာရှင်တွေနဲ့  ပတ်သက်တဲ့ ကြော်ငြာဆန်ဆန်ဆောင်းပါး ၂၁၀ ကိုလည်း ဖျက်ပစ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဆောင်းပါးတွေမှာ ဘက်လိုက်တဲ့ သတင်းအချက်အလက်တွေ၊ မတိကျတဲ့ အချက်အလက်တွေနဲ့  မူပိုင်ခွင့် ချိုးဖောက်မှုဖြစ်စေနိုင်တဲ့ အချက်အလက်တွေ ပါဝင်နေတယ်လို့ Wikipedia ကို လွှင့်တင်ထားတဲ့ Wikimedia ဖောင်ဒေးရှင်းက တနလာင်္နေ့ ဘလော့ဂ်ပို့ စ်မှာ ရေးသားခဲ့ပါတယ်။
တည်းဖြတ်ပြင်ဆင်မှုတွေဟာ တူညီမှုရှိတဲ့အတွက်ကြောင့် အဖွဲ့ အစည်းတစ်ခုတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ယုံကြည်ရအောင် ဖောင်ဒေးရှင်းက ပြောကြားခဲ့ပါတယ်။ Wikipedia ဟာ ကြိုးဆွဲရာ လုပ်ပေးတဲ့အကောင့်တွေ ရန်ကို ကာလကြာရှည် ရင်ဆိုင်နေရပါတယ်။ အဆိုပါအကောင့်တွေကို အသုံးပြုသူဟာ တစ်ယောက်တည်းဖြစ်နိုင်ပြီး အကောင့်အများအပြားကို အသုံးပြုကာ တခြား တည်းဖြတ်အယ်ဒီတာတွေကို လိမ်လည် လှည့်စားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါအွန်လိုင်းစွယ်စုံကျမ်းက ဆောင်းပါးတွေကို စေတနာ့လုပ်အားပေး အယ်ဒီတာ အများအပြားက ရေးသား၊ တည်းဖြတ်၊ ထိန်းသိမ်းထားတာဖြစ်ပေမယ့် ပြင်ပစီးပွားရေးလုပ်ငန်းတွေက လှို့ဝှက်ငွေပေး ထားတဲ့လူတွေကလည်း သတင်းအချက်အလက်တွေကို ပြင်ဆင်ခွင့်ရှိနေပါတယ်။
ဥပမာအနေနဲ့ ၂၀၁၃ ခုနှစ်မှာ English Wikipedia အဖွဲ့ က သံသယဖြစ်ဖွယ်ရှိတဲ့ ပြင်ဆင်မှုတွေနဲ့  ကြိုးဆွဲအကောင့်လှုပ်ရှားမှုတွေကို စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာ အမေရိကန်အတိုင်ပင်ခံကုမ္ပဏီကြီး တစ်ခုဟာ ဖောက်သည်တွေ ကိုငွေပေးချေမှု ဆိုင်ရာ Wikipedia ဆောင်းပါးတွေကို ဖန်တီး၊ပြင်ဆင်၊ ထိန်းသိမ်းမှု ပြုလုပ်ခဲ့တာကို တွေ့ ရှိခဲ့ရပါတယ်။ အဆိုပါစီးပွားရေးလုပ်ငန်းကြီးဟာ လှို့ဝှက် user account တွေကို အသုံးပြုခဲ့ကြောင်း Wikimedia က ပြောကြားခဲ့ပါတယ်။
အခုအခါမှာ Wikipedia ပွင့်လင်းမှုမရှိတဲ့ ငွေယူပြီး ထောက်ခံမှုပေးမှုအတွက် စေတနာ့ဝန်ထမ်းအယ်ဒီတာအကောင့် ၃၈၁ ကောင့်ကို ဘလော့ပစ်လိုက်ပါတယ်။
Ref: Computerworld 
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment