ဆန်များနှင့် ရောနှောထားသော ကိုကင်းများ သိမ်းဆည်းရမိ



အာဂျင်တီးနား အကောက်ခွန် တာဝန်ရှိသူများသည် စံချိန်တင် အလေးချိန်အဖြစ် ကိုကင်း (၃၀) ကီလိုဂရမ် ( ၆၆) ပေါင်ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
      အဆိုပါ ကိုကင်းများကို ဥရောပသို့ အာဖရိကမှတဆင့် တင်ပို့မည့် ဆန်အိတ်များထဲ၌ အနံ့ခံ ခွေးများဖြင့် ရှာတွေ့ခဲ့ကြောင်း ဆိုသည်။ ဖမ်းဆီးရမိသည့် ထိုမူးယစ်ဆေးဝါးများမှာ ဘိုလီဗီးယား ၊ ပီရူးနှင့် ကိုလမ်ဘီယာတို့မှ ထုတ်လုပ်သော ကိုကင်းများကို အာဂျင်တီးနားမှ တဆင့် ကြားဖြတ်ပို့ဆောင်နေခြင်းကို  ဖော်ထုတ်နိုင်လိုက်ခြင်းလည်း ဖြစ်သည်။ အမှုတွင် အဆိုပါ မူးယစ်ဆေးများ သယ်လာသော မှောင်ခိုများမှာ ဆန်များကို ရေစိမ်လိုက်ပြီးနောက် ကိုကင်းများနှင့် ရောနှောကာ တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း အာဂျင်တီးနား အကောက်ခွန်မှ မူးယစ်ဆေး ထိန်းချုပ်ရေး အကြီးအကဲ ဂီလာမို ဂွန်ဇာလတ်က ဆိုသည်။
      “ဒီနည်းက နည်းသစ် ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ဒီလိုနည်းသုံးပြီး မှောင်ခိုသယ်လာတာကို တွေ့ရတာပါပဲ”ဟု ဂီလာမိုက မှတ်ချက်ချသည်။
      ရဲတပ်ဖွဲ့သည် ဖြစ်စဉ်တွင် သံသယ တရားခံများဖြစ်သည့် အာဂျင်တီးနားနှင့် ကိုလမ်ဘီယာ နိုင်ငံသား (၁၂) ဦးကို ဖမ်းဆီးထားပြီး ၎င်းတို့ကို စက်တင်ဘာလ (၁၇) တွင် စတင်တွေ့ရှိကာ ဖမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
      ကျွမ်းကျင်သူများက ထိုမူးယစ်ဆေးများသည် အန်ဒီးယန်းဒေသ ကိုကင်း ထုတ်လုပ်သည့် အိမ်နီးချင်းနိုင်ငံများမှ အာဂျင်တီးနားထဲသို့ ထရပ်ကားများဖြင့် လျှို့ဝှက် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း ဆိုသည်။ ထိုမှတဆင့် မှောင်ခိုသမားများသည် ဗြူနိုအေးရီးစ်မှ အတ္တလန်တစ် သင်္ဘောလမ်းကြောင်းများ အတိုင်း ဥရောပဘက်သို့ တင်ပို့လေ့ရှိကြောင်း ဆိုသည်။
Source: Reuters
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment