ပုပ်အား ရွှေ့ပြောင်း ကလေးငယ်တစ်ဦး အကူအညီ တောင်းခံစာပေး




အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီတွင် မှတ်တမ်းမှတ်ရာ မရှိသော ရွှေ့ပြောင်း မိဘနှစ်ပါးတို့၏ ငါးနှစ်အရွယ် သမီးလေး တစ်ဦးသည် အကာအရံများ၊ လုံခြုံရေးများကို ကျော်ဖြတ်ပြီး ပုပ်ရဟန်းမင်း ဖရန်ဆစ် လက်ဝယ်သို့ အကူအညီတောင်းသည့် စာတစ်စောင်ကို ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
      ပုပ်ရဟန်းမင်းကြီးသည် ၎င်း၏ အမေရိကန်သို့ ပထမဆုံး ခရီးစဉ်အတွင်း ယုံကြည်သက်ဝင်သူ ထောင်ပေါင်းများစွာအား နှုတ်ဆက်ပြောဆိုမှု ပြုလုပ်ခဲ့သည်။ အသက် ငါးနှစ်အရွယ် ဆိုဖီယာခရက်ဇ်သည် အကာအရံများနားတွင် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေစဉ် ပုပ်ရဟန်းမင်းကြီးက ၎င်းအား တားဆီးခြင်း မပြုရန် ပြောဆိုပြီး ရှေ့သို့လာရောက်ရန် လှမ်းခေါ်ခဲ့သည်။
      ပုပ်ရဟန်းမင်းကြီးသည် ဆိုဖီယာအား ဖက်ထားပြီး နမ်းရှုံ့ခဲ့ကာ ကလေးမလေး ပေးသော ပေးစာကိုလည်း လက်ခံရယူခဲ့သည်။ “ကလေးမလေး လူအုပ်ထဲ ပြန်ရောက်တော့ သူ့အဖေလည်း မျက်ရည်အရွှဲသား ဖြစ်နေပြီလေ၊ လူအုပ်ကြီးကတော့ လုံးဝကို အားပေးကြတာပဲဗျာ”ဟု ခရက်ဇ် မိသားစုနားတွင် ရပ်နေခဲ့သည့် ဂျိုးဆက် ရီဘလန်ဒိုက ပြောဆိုခဲ့သည်။
      ဆိုဖီယာသည် ပေးစာကို စပိန်ဘာသာဖြင့် ရေးသားထားသည်။ အမေရိကန် ပြည်ထောင်စု၌ ၎င်းကဲ့သို့ ကလေးငယ် ငါးသန်းခန့် ရှိနေပြီး မိဘများမှာလည်း နေရပ်သို့ ပြန်ပို့ခံရနိုင်ခြေ ရှိနေကြောင်း၊ သူငယ်ချင်းများနှင့် ၎င်းတို့သည် အသားအရောင် မခွဲခြားဘဲ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြကြောင်း ပေးစာတွင် ဖော်ပြထားသည်။
      အမေရိကန် ပြည်ထောင်စုတွင် လူ (၁၁) သန်းခန့်  တရားမ၀င် နေထိုင်နေသည်။ ဒီမိုကရက်များက ၎င်းတို့အား နိုင်ငံသား ဖြစ်ခွင့်ပေးရေး ကြိုးပမ်းနေသော်လည်း ရီပတ်ဘလီကန်များကမူ တားဆီး ပိတ်ပင်နေသည်။
      ဆိုဖီယာနှင့် မိဘများသည် မက္ကစီကိုဇာတိဖြစ်ပြီး ယခုအချိန်တွင် လော့စ်အန်ဂျလိစ်ရှိ ဆင်ခြေဖုံးတစ်ခုတွင် နေထိုင်နေသည်။ ပုပ်ရဟန်းမင်းကြီးက ကြာသပတေးနေ့တွင် အမေရိကန် ကွန်ဂရက်စ်၌ မိန့်ခွန်းပြောသည့် အခါတွင် လူဝင်မှုကြီးကြပ်ရေး ကိစ္စကိုလည်း ထည့်သွင်းပြောဆိုရန် ဆိုဖီယာနှင့် မိဘများက လိုလားနေသည်။
Source:BBC
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment