ရဲနှစ်ဦးအား သတ်သူကို သီးခြားလုံခြုံရေးဖြင့် ရုံးထုတ်


 ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ထွက်ပြေး တိမ်းရှောင်နေသော တရားခံတစ်ဦးအား သွားရောက် ဖမ်းဆီးစဉ် နယ်ထိန်းရဲနှင့် ရဲတပ်ကြပ်တစ်ဦးကို ခုခံတိုက်ခိုက်၍ သတ်ဖြတ်ထွက်ပြေးသွားသူ တရားခံပြေး တင်အေးအား ပထမအကြိမ် ရုံးထုတ် စစ်ဆေးမှုတွင် သီးခြားလုံခြုံရေးဖြင့် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း ယင်းအမှု၏ အမှုစစ် ရဲမှူးမြင့်ဦးက ပြောသည်။
      စက်တင်ဘာလ (၂)ရက်နေ့ နံနက် (၁၀)နာရီခန့်တွင် သန်လျင်ရဲစခန်းမှ နယ်ထိန်း ရဲအုပ်အောင်နိုင် ဦးဆောင်သော ပူးပေါင်းအဖွဲ့ဝင် (၁၀)ဦးခန့်သည် ၂၀၀၂ခုနှစ်က လူသတ်မှုဖြင့် ထောင်ကျ၍ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော တရားခံကို သန်လျင်မြို့နယ် အတွင်းရှိ..... တည်းခိုခန်းတွင် သွားရောက်ဖမ်းဆီးစဉ် ၎င်း၏ တိုက်ခိုက်မှုကြောင့် နယ်ထိန်းနှင့် ရဲတပ်ကြပ် သေဆုံးခဲ့ရခြင်း ဖြစ်သည်။
      “တရားခံကို ဒီနေ့ပဲ တရားရုံးမှာ ရုံးထုတ်ပြီး ပထမဆုံးအကြိမ် တရားစွဲဆိုပါတယ်။ လူထုကလည်း သိထားတဲ့ ကိစ္စတစ်ခု ဖြစ်တဲ့အတွက် သူတို့သီးသန့် လုံခြုံရေး တာဝန်ယူပြီး ရုံးထုတ်တာပါ။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းပါပဲ”ဟု ရဲမှူးမြင့်ဦးက ပြောသည်။
      ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား သတ်ဖြတ် ထွက်ပြေးသူ တရားခံပြေး တင်မြင့်အား သန်လျင် ရဲစခန်းမှ (ပ)၅၆၃/၁၅၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ (၃၀၂)ဖြင့် တရားစွဲဆိုထားပြီး အောက်တိုဘာလ (၇)ရက်နေ့တွင် ထပ်မံရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။
The Messenger
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment