ပြင်ဦးလွင် စက်တင်ဘာ ၂၅
ပြင်ဦးလွင်မြို့ အနီးစခန်း ဓာတ်တော်ချိုင့်ရေတံခွန်၌ စက်တင် ဘာ ၂၅ ရက် နံနက် ၁ဝ နာရီခန့်က ရေဆင်းချိုးသော မုံရွာမြို့ ပညာရေး ကောလိပ်မှ ဒုတိယနှစ်(ဝိဇ္ဇာတွဲ) ကျောင်းသား မောင်ပြည့်ဝကျော် (၁၈ နှစ်) သည် ပျောက်ဆုံးလျက်ရှိ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မုံရွာမြို့ ပညာရေး ကောလိပ်၌ တက်ရောက်ပညာ သင်ကြားနေကြသော ဒီပဲယင်းမြို့နယ် မူးကိုင်းကြီးရွာမှ ဦးကျော်ဦး-ဒေါ်သိန်းအေးတို့၏သား မောင်ပြည့်ဝ ကျော်အပါအဝင် ကျောင်းသား ၁၉ ဦးတို့သည် လိုက်ထရပ်ကားတစ်စီး ဖြင့် မုံရွာမြို့မှ နံနက် ၂ နာရီခွဲတွင် ထွက်ခွာလာကာ ဝေရောစန ကျောက် စိမ်းစေတီတော်သို့ ဝင်ဖူးခဲ့ပြီးနောက် ပြင်ဦးလွင်မြို့အနီးစခန်း ဓာတ်တော် ချိုင့်ရေတံခွန် ကားရပ်နားစခန်းသို့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရောက်ရှိ လာခဲ့ကြသည်။ ပေ ၁ဝဝဝ ကျော် အောက်သို့ဆင်းရသော ဓာတ်တော် ချိုင့်သို့ဆင်းခဲ့ကြပြီး နံနက် ၉ နာရီခွဲ တွင် ပေ ၂ဝဝ ကျော် အမြင့်မှ စီးဆင်း လျက်ရှိသော ရေတံခွန်ကြီးအောက် တွင် ကျောင်းသားများ ရေဆင်းချိုးကြ ရာမှ နံနက် ၁ဝ နာရီတွင် ပြင်ဦးလွင် မြို့ပေါ်သို့ ဆက်လက်ထွက်ခွာ လည်ပတ်ရန် လူစစ်ဆေးသောအခါ မောင်ပြည့်ဝကျော်မှာ ပျောက်ဆုံး လျက်ရှိနေပြီး ၄င်း၏ အဝတ်အစား နှင့် အသုံးအဆောင်ပစ္စည်းတို့သာ ရေတံခွန်အနီးတွင် တွေ့ရကြောင်း အတူလာရောက်သူ ကျောင်းသား တစ်ဦး၏ပြောပြချက်အရ သိရသည်။
မောင်ပြည့်ဝကျော် ပျောက်ဆုံး ကြောင်း သိလျှင်သိချင်း နယ်မြေခံ ပြည်သူများနှင့် ကျေးရွာအုပ်ချုပ် ရေးမှူး၊ နယ်မြေရဲကင်းတို့မှ လာရောက်၍ ရှာဖွေခြင်းလုပ်ငန်း များကို ဆောင်ရွက်ကြသော်လည်း တွေ့ရှိခြင်း မရှိသေးသောကြောင့် စစ်ကိုင်းမြို့မှ ရေငုပ်ကျွမ်းကျင်သူ တို့ကိုဆက်သွယ်လျက် စက်တင်ဘာ ၂၆ ရက်တွင် ဆက်လက်ရှာဖွေမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိ သူတစ်ဦး၏ပြောပြချက်အရ သိရ သည်။
သက်နိုင်(ပြင်ဦးလွင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments:
Post a Comment