အသက် (၁၀၅) နှစ်အရွယ် ဂျပန်အဘိုးအို တစ်ဦးသည် (၈၀) ကျော်တန်းများ အတွက် ပြုလုပ်သည့် မီတာတစ်ရာ အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ပြီး ၎င်းအရွယ်တန်းတွင် ကမ္ဘာ့အမြန်ဆုံး ပြေးနိုင်သည့် စံချိန်ရှင်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန် တင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါအဘိုးအိုမှာ စံချိန်(၄၂ ဒသမ ၂၂) စက္ကန့်သာ ရှိရာ အူစိန်ဘော့ အပါအ၀င် လက်ရှိ ကမ္ဘာ့ချန်ပီယံများ ပြေးနေသည့် စံချိန်များထက် စက္ကန့်(၃၀) ကျော် နှေးသော်လည်း မည်သည့် အသက် (၁၀၅) နှစ်တန်း အရွယ်ထက်မဆို မြန်ဆန်ကြောင်း ဆိုသည်။ အဘိုးအို ဟိုက်ကီချီသည် အခြားပြိုင်ဘက်များနှင့် မီတာ(၁၀၀) ပွဲ တစ်ခုဖြစ်သော ကျိုတိုမာစတာ ဆောင်းရာသီ အပြေးပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ပြီး၊ မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။
အဆိုပါပွဲမှာ အမေရိကန်မှ ဒွန်ပယ်လ်မန်းဆိုသူ အသက် (၁၀၀) ရှိသည့် အဘိုးအိုက မီတာ (၁၀၀) ပြိုင်ပွဲတစ်ခုတွင် သက် (၁၀၀) တန်း ပြိုင်ပွဲစံချိန်သစ် တင်ခဲ့ပြီးနောက် သုံးရက်အကြာတွင် ထပ်တင်နိုင်ခြင်း ဖြစ်သည်။
ဒွန်မှာ ၀စ်ကင်ဆန်မှ ဖြစ်ပြီး အမြင့်ခုန်တွင်လည်း စံချိန်သစ်များကို အသက် (၁၀၀) အရွယ်ဖြင့် တင်ထားသည်။
၎င်းသည် တုတ်ထောက်ခုန် ပြိုင်ပွဲများတွင် ကမ္ဘာ့စံချိန်သစ်ကို အသက် (၁၀၀)အရွယ်ဖြင့် တင်နိုင်ရန် ကြိုးစားဖူးသော်လည်း မအောင်မြင်သေးဘဲ လေ့ကျင့်မှု လိုနေသေးကြောင်း ထုတ်ဖော်ထားသည်။
0 comments:
Post a Comment