ဂျပန်မှာ တိုင်ဖုန်း Etau ကြောင့် မိုးရွာရေကြီး


 ဂျပန်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်း Etau ကျရောက်ပြီးနောက်ပိုင်း ဒေသအတော်များများမှာ ဒုတိယနေ့အဖြစ် မိုးသည်းထန်စွာဆက်လက် ရွာသွန်းနေပြီး ရေကြီးမှုတွေဖြစ်ပေါ်နေတဲ့အတွက် သတိပေး နှိုးဆော်ထားပါတယ်။

ရေကြီး မြေပြိုမှုတွေ ဖြစ်ပေါ်နေတဲ့သတင်းတွေ ရရှိနေပြီး လူထောင်ပေါင်းမျာစွာကို နေအိမ်တွေကနေ ဘေးကင်းရာကို ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

တိုင်ဖုန်း Etau ဟာ ပင်လယ်ဘက်ကို ရွှေ့ရှားမထွက်ခွာခင် ဗုဒ္ဓဟူးနေ့က ဂျပန်နိုင်ငံအလယ်ပိုင်း Aichi ဒေသမှာ တစ်နာရီ ၇၈ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့ပြီးတဲ့နောက် ဂျပန်နိုင်ငံအရှေ့ပိုင်းဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။

အခုလို မိုးရွာသွန်းမှုဟာ အရင်က မကြုံဖူးခဲ့ကြောင်း၊ စိုးရိမ်စရာ အခြေအနေကျရောက်နိုင်ကြောင်း ဂျပန်မိုးလေ၀သ အေဂျင်စီမှ မိုးလေ၀သပညာရှင် Takuya Deshimaru က သတင်းထောက်တွေကို ပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့ မြောက်ပိုင်းရှိ Ibaraki နဲ့ Tochigi ခရိုင်တွေမှာ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရပါတယ်။

လေတိုက်ခတ်မှု ပြင်းထန်တဲ့အတွက် လူ ၁၅ ဦးဒဏ်ရာရခဲ့တဲ့အနက် အသက်ကြီးသူ အမျိုးသမီး ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဧဂျင်စီကပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment