Facebook မှာ ၃၆၀ဒီဂရီလှည့်ပတ်ကြည့်နိုင်မယ့် ဗီဒီယိုတွေကို ကြည့်ရှုနိုင်ပြီ




Facebook ဟာ ခေတ်စားနေတဲ့ virtual ကမ္ဘာထဲကို ပထမဆုံးခြေလှမ်းချလိုက်ပါပြီ။

ဆိုရှယ်နက်ဝပ်ခ် Facebook ဟာ မနေ့ က ၂၃ ရက်နေ့ မှာ မောက်စ်ကိုအသုံးပြုပြီး ၃၆၀ ဒီဂရီအပြည့် လှည့်ပတ်ကြည့်ရှုနိုင်မယ့် ဗီဒီယိုတွေကို စတင်တင်ဆက်လိုက်ပါတယ်။

ဒီ စနစ်ဟာ Facebook ရဲ့ Oculus Rift Virtual-Reality headset မှာ ထည့်သွင်းအလုပ်လုပ်ဖွယ်ရှိ တယ်လို့ ခန့် မှန်းထားပါတယ်။

“ ဒီနေ့ ကစပြီးတော့ News Feed မှာ ၃၆၀ ဒီဂရီလှည့်ပတ်ကြည့်နိုင်တဲ့ဗီဒီယိုတွေကို တွေ့ ရမှာပါ” ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းမှာလည်း Youtube ဟာ အလားတူစနစ်မျိုးကိုထုတ်လုပ်ခဲ့ပြီး VR ဗီဒီယိုတွေကို ဖန်တီးတဲ့ ဗီဒီိယိုဖန်တီးသူတွေက အသုံးပြုလျက်ရှိပါတယ်။

မြင်ကွင်း ၃၆၀ ဒီဂရီကြည့်ရှုနိုင်မယ့် ဗီဒီယိုကို ရိုက်ကူးဖို့ အတွက် အထူးပြုပြင်ထားတဲ့ကင်မရာအစုံလိုက် လိုအပ်ပြီး အဆိုပါကင်မရာက မြင်ကွင်းတစ်ခုရဲ့ ၃၆၀ ပတ်လည်ဒီဂရီကို တစ်ပြိုင်တည်းရိုက်ကူးပေးနိုင်ပါတယ်။

၃၆၀ ဒီဂရီကြည့်နိုင်ဖို့ အတွက် web မှာဆိုရင် ဗီဒီယိုမှာ မောက်စ်ကို drag ပတ်လည်ဆွဲပြီး နှစ်သက်သလို ကြည့်နိုင်မှာပါ။ မိုဘိုင်းဖုန်းတွေ မှာတော့ လက်ချောင်းနဲ့ ဆွဲပြီးကြည့်ရှုလို့ ရသလို ဖုန်းကို လှည့်ပြီးလည်း ကြည့်ရှုနိုင်ပါတယ်။ လောလောဆည်မှာတော့ iOS နဲ့ တစ်ချို့ Android version တွေမှာ ကြည့်လို့ မရနိုင်သေးပါဘူး။ ဒီစနစ်ကို ကြည့်နိုင်ဖို့ အတွက် web ဆိုရင် နောက်ဆုံးဗားရှင်း Firefox ဒါမှမဟုတ် Chrome၊ Android ဆိုရင် နောက်ဆုံးဗားရှင်း Facebook app တို့ ရှိဖို့ လိုအပ်ပါတယ်။

Facebook ဟာ ဒီ ၃၆၀ဒီဂရီစနစ်ကို ထုတ်လုပ်ပေးဖို့ အတွက် Star Wars၊ Discovery ၊ GoPro ၊ NBC’s Saturday Night Live စတဲ့ ရုပ်သံထုတ်လွှင့်သူအများအပြားကို ဖိတ်ခေါ်ထားပါတယ်။

Disney နဲ့ Lucasfilm တို့ ကလည်း ၃၆၀ ဒီဂရီလှည့်ကြည့်နိုင်မယ့် Star Wars: The Force Awakens ရဲ့ နမူနာတစ်ပိုင်းကို Facebook မှာ စတင်မိတ်ဆက်လိုက်ပါတယ်။

( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Dailymail
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment