အဲဗာတန်အသင်းမှ အမေရိကန် လက်ရွေးစင်ဂိုးသမား တင်မ်ဟောင်းဝပ်က အဲဗာတန်အသင်းမှာ လက်ရှိဘောလုံး ရာသီတွင် အကောင်းဆုံး စုဖွဲ့မှုနှင့်ရှိနေကြောင်း ကြုံးဝါး ပြောကြား သွားခဲ့သည်။ အဲဗာတန် အသင်းမှာ ၂၀၁၅-၁၆ ဘောလုံး ရာသီအတွင်း ကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်(၆)ပွဲတွင် (၁)ပွဲသာ ရှုံးနိမ့်ထားသည့် အသင်းဖြစ်ပြီး ရမှတ် (၉)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၆)နေရာတွင် ရပ်တည်နေသည့် အသင်း ဖြစ်သည်။ အသက် (၃၆) နှစ်အရွယ်ရှိ အမေရိကန် ဂိုးသမား တင်မ်ဟောင်းဝပ်က လက်ရှိအဲဗာတန် အသင်း၏ စုဖွဲ့မှုမှာ အသင်းသို့ ၎င်းရောက်ရှိ လာခဲ့သည့် ၂၀၀၇ ခု နှစ်နောက်ပိုင်း အကောင်းဆုံးစုဖွဲ့မှု ဖြစ်ကြောင်းပြောကြား သွားခဲ့ပြီး ကစားသမားများမှာလည်း အဲဗာတန်အသင်းနှင့် လက်တွဲခဲ့ဖူး သမျှထဲတွင် အကောင်းဆုံး အဖြစ်သို့ ရောက်ရှိနေကြောင်း ဖွင့်ဟသွားခဲ့ခြင်း ဖြစ်သည်။ ဟောင်းဝပ်မှာ မန်ယူကစား ၂၀၀၆-၀၇ ဘောလုံးရာသီအတွင်း အဲဗာတန် အသင်းသို့ အငှားသွားရောက် ကစားခဲ့သူဖြစ်ပြီး အပြီးသတ် ပြောင်းရွှေ့သွားခဲ့ သူလည်းဖြစ်သည်။ တင်မ်ဟောင်းဝပ်က““လက်ရှိ ဘောလုံးရာသီမှာ အဲဗာတန်က အကောင်းဆုံးနဲ့ အကျစ်လျစ်ဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ ရှေ့၊ လယ်၊ နောက်အားလုံး အကောင်းဆုံး တွေချည်းပါပဲ။ အကောင်းဆုံး စွမ်းဆောင်ရည်မျိုး ပြနိုင်စွမ်းလည်း ရှိနေပါတယ်။ ဒီအချက်တွေကြောင့် ကျွန်တော် ပြောမပြတတ်အောင် ၀မ်းသာနေ ပါတယ်။ အထူးသဖြင့် ဂိုးသမား တစ်ယောက်အနေနဲ့ ၀မ်းသာနေမိတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကိုယ့်ရှေ့တင် အရာရာ ဖြစ်သွားနိုင်တာ ကြောင့်ပဲ ဖြစ်ပါတယ်။ ရာသီသစ်ကိုတော့ အကောင်းဆုံး ကစားသမားတွေနဲ့ ဖွင့်လှစ်နိုင်ခဲ့သလို ဒီလိုစုဖွဲ့မှုမျိုး အရင်က အဲဗာတန် အသင်းမှာ မရှိခဲ့ဖူးလို့တောင် ပြောနိုင်တာပါ””ဟု ပြောကြားသွားခဲ့သည်။ တင်မ်ဟောင်းဝပ်သည် ၂၀၀၆ ခုနှစ် မှ စတင်ကာ အဲဗာတန် အသင်းအတွက် (၃၀၉) ပွဲ ကစားပေးထားသူ ဖြစ်သည်။
Source..http://www.messengernewsjournal.com/
0 comments:
Post a Comment