IS တိုက်ခိုက်ရေးမှာ ဆီးရီးယားကို ထည့်ဖို့ အနောက်တိုင်း စဉ်းစားမယ်


IS စစ်သွေးကြွများ (Credit: AFP) 
IS ​အစ္စလာမ်မစ် ​အဖွဲ့ကို ​တိုက်ခိုက်ရာမှာ ​ဆီးရီးယား ​သမ္မတ ​Bashar ​al-Assad ​နဲ့ ​ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ ​ရုရှားသမ္မတက ​တိုက်တွန်းတဲ့နောက် ​အနောက်တိုင်းနိုင်ငံတွေက ​ဆီးရီးယားနဲ့ ​ပူးပေါင်းဖို့ ​သင့်မသင့် ​စဉ်းစားနေပါတယ်။

အနောက်တိုင်းနိုင်ငံတွေကတော့ ​ဆီးရီးယား ​သမ္မတကြောင့် ​IS ​အဖွဲ့တွေ ​ပေါ်ပေါက်လာတာလို့ ​အမြဲတမ်းယူဆခဲ့သလို ​ဆီးရီးယား ​သမ္မတ ​Bashar ​al-Assad ​ကို ​အာဏာက ​ဆင်းပေးဖို့ ​လိုလားခဲ့ပါတယ်။

ဒါပေမဲ့ ​ဆီးရီးယား ​အစိုးရတပ်ကသာ ​မပါဝင်ရင် ​IS ​ကို ​ချေမှုန်းဖို့ ​မဖြစ်နိုင်တော့တဲ့ ​အခြေအနေ ​ရှိလာတာကြောင့် ​IS ​ချေမှုန်းရေးမှာ ​ဆီးရီးယား ​အစိုးရရဲ့ ​လက်ထဲ ​ခေတ္တ ​အာဏာ ​လွဲသင့်မသင့်

အနောက်တိုင်း ​အစိုးရတွေက ​စဉ်းစားနေတာပါ။

အကြောင်းရင်းကတော့ ​ဆီးရီးယားကို ​ရုရှားက ​ထောက်ခံပြီး ​အကူအညီတွေ ​ပေးနေတဲ့အတွက် ​ဆီးရီးယား ​သမ္မတ ​အာဏာဆင်းပေးဖို့ ​ကိစ္စကလည်း ​ဖြစ်လာနိုင်ခြေ ​နည်းလာတာ ​ဖြစ်ပါတယ်။

ကုလသမဂ္ဂ ​ညီလာခံမှာ ​ရုရှား ​သမ္မတ ​ဘလာဒီမီယာ ​ပူတင်က ​အမေရိကန်နဲ့ ​မဟာမိတ်တွေအနေနဲ့ ​ရုရှားနဲ့ ​ပူးပေါင်းပြီး ​IS ​ကို ​အတူတိုက်ဖို့ ​တိုက်တွန်းလိုက်တာ ​ဖြစ်ပါတယ်။

ရုရှားနဲ့အတူ ​IS ​ကို ​ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် ​ရုရှားရဲ့ ​မဟာမိတ်ဖြစ်တဲ့ ​ဆီးရီးယား ​သမ္မတကို ​ဆက်လက် ​အာဏာ ​ပေးထားရမှာ ​ဖြစ်ပါတယ်။

သြစတြေးလျ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်ကတော့ ​အခုအချိန်အထိ ​ဆုံးဖြတ်ချက် ​မချရသေးပေမယ့် ​စဉ်းစားနေတယ်လို့ ​ပြောပါတယ်။

IS ​ကို ​တိုက်ခိုက်တဲ့အခါ ​ဆီးရီးယားနဲ့ ​ပူးပေါင်း ​ဖြစ်မယ်ဆိုရင်တောင် ​ဆီးရီးယား ​သမ္မတ ​အပေါ် ​ထားတဲ့ ​သြစတြေးလျရဲ့ ​စိတ်နေစိတ်ထားကိုတော့ ​ပြောင်းမှာ ​မဟုတ်ဘူးလို့လည်း ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီဘိရှော့ပ်က ​ပြောပါတယ်။

အခုလောလောဆယ် ​အနောက်တိုင်းနိုင်ငံတွေက ​ဆီးရီးယား ​အစိုးရတပ်ကို ​ဘေးချိတ်ပြီး ​ဆီးရီးယား ​သူပုန်တွေနဲ့အတူ ​IS ​ကို ​တိုက်ခိုက်နေတာ ​ဖြစ်ပါတယ်။

အကယ်လို့ ​အနောက်တိုင်းအစိုးရတွေက ​ဆီးရီးယားနဲ့ ​ပူးပေါင်းပြီး ​IS ​ကို ​တိုက်ခိုက်ဖို့ ​ဆုံးဖြတ်မယ်ဆိုရင် ​IS ​အဖွဲ့သာမက ​ဆီးရီးယား ​အစိုးရကို ​ဆန့်ကျင်နေတဲ့ ​သူပုန်တွေကလည်း ​ထိခိုက်နစ်နာ ​နိုင်တယ်လို့ ​အေဘီစီ ​သတင်းထောက် ​Ben ​Night ​က ​သုံးသပ်ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment