သေသွားပြီးနောက် မိမိတက်တူးကို နောင်လာနောက်သားတွေ အတွက် အမှတ်တရ ချန်ထားပေးနိုင်မယ့် Save My Ink ၀န်ဆောင်မှု





Save My Ink ဆိုတဲ့ ၀န်ဆောင်မှုလုပ်ငန်းတစ်ခုဟာ သေဆုံးသွားပြီးနောက်မှာ နောင်လာနောက်သားတွေ အတွက် တက်တူးအမှတ်တရထားခဲ့ချင်သူတွေကို ၀န်ဆောင်မှုပေးလျက်ရှိပါတယ်။
သေဆုံးသူဆီက တက်တူးအရေပြားကို လှီးထုတ်ပြီးနောက် ဓာတုပစ္စည်းနဲ့ အင်ဇိုင်းဒြပ်ပေါင်းတွေထဲမှာ စိမ်ကာ အရေပြားတစ်သျှူး တည်ဆောက်ပုံကို ပြောင်းလဲပစ်ပြီး ပုပ်ဆွေးခြင်းက ရပ်တန့် ပေးမှာ ဖြစ်ပါတယ်။ Save My Ink ရဲ့ အဆိုအရ တက်တူးဝါသနာရှင်တွေဟာ သူတို့ ရဲ့ တကယ့် အစိတ်အပိုင်းတစ်ခုကို အိမ်တွေ၊ လက်ထပ်လက်စွပ်တွေလိုပဲ အမွေခံပစ္စည်းအဖြစ် နောက်မျိုးဆက်ကို ပေးခဲ့နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့အပတ်က အမေရိကားမှာ ဒီဝန်ဆောင်မှုလုပ်ငန်းကို စတင်ပြီးနောက် အခုအခါမှာ တက်တူးပေါင်း ၂၁ ခုကို ၁၀၀ ရာခိုင်နှုန်း အောင်မြင်တိကျစွာ တာရှည်ခံအောင် ထိန်းသိမ်းထားပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။ယခုဝန်ဆောင်မှုကုမ္ပဏီကိုတည်ထောင်သူ အသက် ၆၀ နှစ်အရွယ် Charles Hamm ဆိုသူက တစ်ကမ္ဘာလုံးက တက်တူးဝါသနာရှင်တွေကို ၀န်ဆောင်မှုပေးချင်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ ခင်ဗျားနှစ်သက်ပြီး အချိန်တွေငွေတွေ ရင်းနှီးမြှပ်နှံထားရတဲ့ ပီကာဆိုရဲ့ပန်းချီကား ဒါမှမဟုတ် တခြားအနုပညာ လက်ရာတစ်ခုခုကို ခင်ဗျားဘယ်တော့မှ မီးလောင်တိုက်သွင်းမှာ မဟုတ်ဘူး။ ခင်ဗျားရဲ့တက်တူးကလည်း တစ်မူထူးခြားတဲ့ ဇာတ်လမ်းတစ်ခုရှိတဲ့ အနုပညာလက်ရာတစ်ခုပဲ။ မတူညီတဲ့ ကင်းဗတ်စ်စတစ်ခုပေါ်မှာပေါ့” လို့ သူက ပြောပြပါတယ်။
ဒီထူးခြားတဲ့ဝန်ဆောင်မှုကို အဖွဲ့ မန်ဘာဝင်တွေသာ ပြုလုပ်နိုင်သေးပြီး မန်ဘာဝင်တွေဟာ တက်တူးတာရှည်ခံအောင်ထိန်းသိမ်းဖို့ အတွက် အသင်းဝင်ကြေး ၁၁၅ ဒေါ်လာနဲ့ နှစ်စဉ်ကြေး ဒေါ်လာ ၆၀ ဆောင်ရပါတယ်။သူတို့ သေဆုံးပြီးနောက်မှာ၊ ဆွေမျိုးသားချင်းတွေဟာ Save My Ink ကို အကြောင်းကြားဖို့ ၁၈ နာရီ အချိန်ရပြီး၊ တက်တူးကို နာရီ ၆၀ အတွင်းမှာ အလောင်းမပုပ်သိုးအောင် ဆေးစီရင်တဲ့လူက ဖြတ်ထုတ်ပေးကာ Save My Ink ကို ပို့ ဆောင်ပေးပါတယ်။
Source:trend.com.mm
ထို့ နောက်မှာတော့ Save My Ink က ဒီအနုပညာလက်ရာကို သုံးလ ကနေ ခြောက်လအတွင်းမှာ ကျန်ရစ်သူမိသားစုထံ ဘောင်သွင်း ပြန်လည် ပို့ ဆောင်ပေးတယ်လို့ သိရပါတယ်။ “ ကျွန်တော့်ရဲ့ တက်တူးတွေက ကျွန်တော့် အတွက် နက်ရှိုင်းတဲ့ အဓိပ္ပါယ်ကိုယ်စီရှိပါတယ်။ ကွယ်လွန်သွားတဲ့ မိသားစုဝင်တွေအတွက် အမှတ်တရ တက်တူးတွေရှိပြီး၊ တစ်ချို့ တက်တူးတွေကို ကျွန်တော့် မြေးလေးက ဒီဇိုင်းဆွဲပေးထားတာဖြစ်ပါတယ်။”
Ref: Mirror
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment