အမျိုးသမီးတွေအတွက် သီးသီးသန့်သန်းလေးနဲ့ အပန်းဖြေဖို့ သင့်တော်တဲ့ Spa Flamingo အကြောင်း သိကောင်းစရာ


ယနေ့ခေတ်မှာ အလှအပနဲ့ပတ်သက်ပြီး မိတ်ကပ်ပြင်ဆင်ခြယ်သမှုတွေ အပြင် မျက်နှာ Treatment ပိုင်းနဲ့ body Treatment ပိုင်းတွေကိုလဲ ဆယ်ကျော်သက်ပျိုမေတွေသာမက အိမ်ထောင်ရှင်အမျိုးသမီးမမတွေပါ စိတ်ကို Relax လုပ်တဲ့အနေနဲ့ အပန်းဖြေနည်းတစ်ခုအဖြစ် အကြိုက်တွေ့လာကြပါပြီ။ ပျိုမေတွေအနေနဲ့ဘယ် Spa ကတော့ဖြင့် ပိုသက်တောင့်သက်သာ ရှိတယ်။ ဒါ့အပြင် အသားအရေပိုင်း ပြောင်းလဲရုံသာမက စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေနိုင်တဲ့ စိတ်ခံစားမှုကို ပေးစွမ်းနိုင်တယ်ဆိုတာကို မသိရှိသေးတဲ့ ပျိုမေများ ၊ Spa ကို အခြားဆိုင်မှာ သွားလုပ်ဖူးပေမဲ့ အကြိုက်မတွေ့တဲ့ ပျိုမေများအတွက် စိတ်ပြောင်းလဲမှုကို ပေးစွမ်းနိုင်တဲ့ အပြင် အသားအရေပိုင်းပါ သိသိသာသာ ပြောင်းလဲလာစေနိုင်တဲ့ အမှတ် ၅၉/၆၀ သံလွင်လမ်း မှာရှိတဲ့ Spa Flamingo ဆိုင်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ကိုယ်တိုင်ကလဲ Spa သွားရတာကိုနှစ်သက်သလို ၀ါသနာလဲကြီးလှတဲ့ Spa Flamingo ဆိုင်ပိုင်ရှင် မချောစုစုမိုးနဲ့တွေ့ဆုံခိုက် မေးမြန်းဖြစ်သမျှကတော့
-Spa Flamingo ဆိုတဲ့ Spa ဆိုင်လေး စဖွင့်ဖြစ်ပုံကို အရင်ပြောပြပေးပါဦး။
အစ်မဆိုင်ဖွင့်ပွဲက ၈လပိုင်း ၁၆ ရက်နေ့ကပေါ့။ ဖွင့်ထားတာကတော့ ၂လကျော်လောက်ရှိပြီပေါ့။ ဒီဆိုင်လေးကို ဖွင့်ရတဲ့အကြောင်းက မြန်မာအမျိုးသမီးတွေက အိမ်ထောင်နဲ့ကလေးတွေနဲ့ဆိုတော့ အရမ်းလဲ အလုပ်ရှုပ်တယ်။ ပင်လဲပင်ပန်းတယ်။ စိတ်ဖိစီးမှုလဲ များတယ်။ အဲ့ဒါအပြင် အလှအပအတွက်ကို အချိန်လေးလဲပေးစေချင်တယ်။ နောက်အစ်မ ကိုယ်တိုင်ကလဲ အိမ်ထောင်သည်ဖြစ်တယ်။ နောက်ပြီး Spa သွားရတာလဲ သဘောကျတယ်။ အဲ့ဒီတော့ အမျိုးသမီးတွေအတွက် တစ်နေရာထဲမှာ ကောင်းကောင်းမွန်မွန် သီးသီးသန့်သန့်လေးနဲ့ဖြစ်အောင်ရယ်၊ Spa ကို ၀ါသနာပါတာရယ်ကြောင့်ဖွင့်ဖြစ်သွားတာပါ။
-ဒီဆိုင်လေးမှာ အဓိကအနေနဲ့ ဘာတွေလုပ်လို့ရလဲ။
အဓိကက Hair ပိုင်းအကုန်ရတယ်။ Spa ပိုင်းလဲရတယ်။ ဒါပေမဲ့ အစ်မဆိုင်မှာ အဓိက Customer တွေကြိုက်ကြတာက Spa ပိုင်းကို ပိုကြိုက်ကြတယ်။ Facial ရယ်။ Body Treatment လုပ်တာရယ်ကို အရမ်းကြိုက်ကြတယ်။ ဆံပင်ပိုင်းက ကောက်တာ၊ ဖြောင့်တာ၊ ဆေးဆိုး၊ ညှပ်၊ ပေါင်းအားလုံးရတယ်။
-အစ်မဆိုင်မှာ Hair ပိုင်းနဲ့ Spa ပိုင်းကို လုပ်ပေးတဲ့အခါ ဘာတံဆိပ်တွေနဲ့လုပ်ပေးဖြစ်လဲ။
Hair ပိုင်းက Schwarzkopf ၊ Paul Mitchell တို့သုံးပေးဖြစ်တယ်။ Body ပိုင်းကတော့ Cuccio brand ကိုသုံးပေးတယ်။ USA ကပေါ့။ အဲ့ဒီတံဆိပ်ကိုသုံးဖြစ်တာက အစ်မ ဆိုင်စဖွင့်တော့မယ်ဆိုတော့ Brand အသစ်တစ်ခု ကိုင်ချင်တယ်။ သူများတွေနဲ့မတူတဲ့ Brand ကို ကိုင်ချင်တယ်။ အစ်မကိုယ်တိုင်ကလဲ သုံးဖူးတယ်။ အဲ့ဒီ Brand က ပုံမှန်ဝယ်လို့မရဘူး။ အဲ့ဒါကို အစ်မရှာရင်းရှာရင်းနဲ့ Distributor နဲ့သွားချိတ်မိပြီးတော့ အစ်မဆိုင်မှာ တင်လိုက်တာပေါ့။ နိုင်ငံခြားမှာတောင် အဲ့ဒီ Brand က Top Spa တွေမှာ သုံးတယ်။ သူ့ရဲ့အားသာချက်က အသီးအနှံတွေနဲ့ကြီးပဲ လုပ်ထားတာ၊ သူက Side Effect မရှိဘူး။ သုံးတာနဲ့အရမ်းသိသာတယ်။ တခြားဆိုရင် ထိုင်းကဟာကိုလဲ သုံးတယ်။ ထိုင်းကတော့ အစ်မတို့လက်ရှိ ရန်ကုန်မှာလုပ်တဲ့ပုံစံလေးပေါ့။
-ဈေးနှုန်းကျတော့ ကွာခြားသွားမလား။
ဟုတ်၊ ကွာတယ်။ ထိုင်းဆိုရင် Body Treatment ကို ၄၅၀၀၀ ယူတယ်။ Cuccio နဲ့ဆို ၆၅၀၀၀ ယူတယ်။ Body Treatment မှာဘာတွေပါလဲဆိုတော့ အရင်ဆုံး Scrub ပါတယ်။ Sonar ၀င်တယ်။ နောက် Mask အုပ်တယ်။ နောက်ရေတွေ ဘာတွေချိုးပြီးမှ လိုးရှင်းလိမ်းပေးတယ်။
-Cuccio နဲ့ ထိုင်း နဲ့ကျတော့ လုပ်ပြီးသွားတဲ့အခါ ဘယ်လိုကွာခြားချက်ရှိလဲ။
ထိုင်းကဖြူတယ်။ ဒါပေမဲ့ Cuccio ကျတော့ စိုပြီးဖြူတက်လာတယ်။ အသားကအစ ကြည်သွားတယ်။ နှစ်ခုလုံးကတော့ ကောင်းတယ်။ ဒါပေမဲ့ Cuccio ကျတော့ အသားကြည်တယ်။ ဖြူတာသိသာတယ်။ Cuccio က တစ်ခါတည်း လုပ်တာနဲ့သိသာတယ်။ ဒါပေမဲ့ Customer တွေအနေနဲ့ကျတော့ နှစ်ပတ်တစ်ခါ၊ တစ်လတစ်ခါဖြစ်ဖြစ် လုပ်စေချင်တယ်။ အသားအရေကတော့ အမြဲတမ်းထိန်းနေမှပဲ အဆင်ပြေတာလေ။ မထိန်းရင် ရပ်သွားမှာပေါ့။ ဘာကြောင့်လဲဆိုတော့ အသက်က ကြီးကြီးလာတာကိုး။ အဲ့ဒါကြောင့် Treatment ကို အမြဲတမ်း လေးလုပ်ပေးသင့်ပါတယ်။
-အခြားသော Spa ဆိုင်တွေနဲ့ အစ်မတို့ရဲ့ Spa Flamingo နဲ့ကွာခြားချက်ကို နှိုင်းယှုဉ်ပြပါဆိုရင်။
အစ်မတို့ဆိုင်က အခန်းတစ်ခန်းထဲမှာ အားလုံးရှိတယ်။ ကိုယ်တစ်ယောက်တည်း အားလုံးအခန်းထဲမှာ လုပ်ရုံပေါ့။ သူများဆီမှာဆို ရေချိုးရင် အပြင်ထွက်ရတာမျိုးရှိတယ်။
-အစ်မဆိုင်မှာ သုံးတဲ့ Skin Care တွေကို ရော တင်ရောင်းတာမျိုးရှိလား။
အခြားဆိုင်တွေကိုတော့ ဖြန့်ဖို့ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ အခုတော့ မလုပ်ဖြစ်သေးဘူး။ Customer တွေကကြိုက်တယ်ဆိုရင် ရှိတဲ့ဟာလေးတွေကို အနည်းအကျဉ်းရောင်းပေးတာမျိုးရှိတယ်။ နောက်ပြီး Nu Skin ကိုတင်တယ်။ Service ပေးတယ်။ မျက်နှာတစ်ခုလုံးကို Nu Skin နဲ့ Treatment လုပ်မယ်ဆို ၆၅၀၀၀ ယူတယ်။ နောက်ဝက်ခြံအတွက်က Organic Treatment လဲရှိတယ်။ တင်ရောင်းပေးတယ်ပေါ့။ ၀က်ခြံသမားတွေဆို အရမ်းသိသာတယ်။ နောက် Nu Skin က မျက်နှာ ဗီရှိတ်လုပ်တဲ့ စက်လေးရောင်းပေးတယ်။ ၅၅၀၀၀၀ ခွဲပေါ့။ စက်နဲ့ဆွဲပေးရင် ဗီရှိတ်ဖြစ်လာတယ်။ ဘာ Side Effect မှမဖြစ်ဘူး။ စက်တစ်လုံးဝယ်ရင် အစ်မဆိုင်မှာ Facial free ၂ခါဆွဲပေးတယ်။ နောက်စက်သုံးပုံ သုံးနည်းလဲ သင်ပေးတယ်။
-အစ်မဆိုင်မှာ ဈေးနှုန်းအနည်းဆုံးကနေ အများဆုံး ဘယ်လောက်အတိုင်းအတာလောက်ထိရှိမလဲ။
Service အနည်းဆုံးကနေပြောရမယ်ဆိုရင် ၅၀၀၀ ကနေ၁၅၀၀၀၀ လောက်ထိရှိပါတယ်။ ခေါင်းလျှော်ရင်လဲ ၅၀၀၀လောက်ကနေစပြီးရှိတယ်။ ဆံပင်ပိုင်းရော ၊ ခန္ဒာကိုယ်ပိုင်းရောပေါ့။
-ဒီ Spa ဆိုင်မဖွင့်ခင်မှာ လေ့လာမှုအနေနဲ့ရော ဘာတွေလုပ်ဖြစ်သေးလဲ။
အစ်မ အလှအပပိုင်းကို အရင်ကတည်းကစိတ်ဝင်စားတယ်။ ဘယ်တော့ဖြစ်ဖြစ် ကိုယ်မသုံးခင် အရမ်းလေ့လာတယ်။ ကိုယ်တစ်ခုခုလုပ်တော့ မယ်ဆိုရင် ဘယ်ဟာကကောင်းကျိုးဖြစ်စေတယ်။ ဆိုးကျိုးဖြစ်စေတယ် ဆိုတာလေ့လာတယ်။ အခုလက်ရှိမှာတင် အစ်မက Skin Care တစ်မျိုးတည်းကို သုံးလေ့ သုံးထမရှိဘူး။ ပုံမှန်သုံးရင်တောင် သုံးမျိုးလောက်ကို လှည့်သုံးတာ။ အခုနောက်ဆုံးသုံးနေတာက Nu Skin က Transformation ကိုသုံးနေတယ်။ သူကကျတော့ အရမ်းသိသာတယ်။ ၇ရက်အတွင်းမှာ မျက်နှာကနုဖတ်ပြီး တော်တော်လေးသိသာတယ်။ အဲ့ဒါက တစ်ဆက်ကို ၅၀၀၀၀၀ ပေါ့။ အဲ့ဒါလေးလဲ အစ်မဆိုင်မှာ တင်ရောင်းပေးပါတယ်။
-အစ်မဆိုင်ကို လာရောက်အားပေးနေတဲ့ Customer တွေရော မသိသေးတဲ့ Customer တွေရောကို Spa Flamingo ဆိုင်လေးနဲ့ပတ်သက်ပြီး ဘယ်လိုမျိုးပြောပြချင်ပါသေးလဲ။
အစ်မဆိုင်မှ မဟုတ်ပါဘူး။ အမျိုးသမီးတွေအားလုံးက ဘာပဲဖြစ်ဖြစ် အိမ်ထောင်သည်တွေပဲဖြစ်ဖြစ် ၊ အပျိုပဲဖြစ်ဖြစ် အသားအရေကို အမြဲ Treatment လုပ်ပေးသင့်တယ်။ အိမ်ထောင်သည်ဆိုရင်လဲ အိမ်မှုကိစ္စတွေ လုပ်ရတဲ့အတွက် အခုလို Spa လာလုပ်တဲ့အခါ စိတ်ကို Relax ဖြစ်စေတယ်။ ဘာပဲပြောပြော ကိုယ့်ကို အနားပေးသင့်တယ်။ Spa မှာသွားပြီးအနားယူတဲ့အခါ အရမ်းကိုကောင်းပါတယ်လို့။ သိပြီးသား Customer တွေရော၊ မသိသေးတဲ့ Customer တွေကိုရော ညီမတို့ Spa Flamingo ဆိုင်လေးကိုလာရောက် ကြည့်ပါလို့ဖိတ်ခေါ်ချင်ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment