အမေရိကမှာ ခေတ်စားနေတဲ့ လေထုထဲမှာလိင်ဆက်ဆံ ရတဲ့ ကစားနည်း (သို့) Air Sex

Air Sex ဆိုတဲ့ ထူးဆန်းတဲ့ အားကစားတစ်မျိုးဟာ အမေရိက မှာ ခေတ်စားနေပါတယ်။ ဒါပေမယ့် အဲဒီ အားကစားနည်းမှာ ဘာတွေပါဝင်နေပါသလဲ?

လေထုထဲမှာ လိင်ဆက်ဆံခြင်းလို့ အဓိပ္ပာယ်ရတဲ့ Air Sex ရဲ့ အခြေခံ စည်းမျဉ်းတွေကတော့ စင်မြင့်ပေါ်ကို တက်လာပြီး လေထဲမှာ လိင်ဆက်ဆံ ပြရတာ ဖြစ်ပါတယ်။စင်အောက်ကနေ ပရိတ်သတ်တွေကတော့ ထို လေထုထဲက လိင်ဆက်ဆံမှု ကိုကြည့်နေမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြိုင်ပွဲဝင်သူဟာ စင်ပေါ်မှာ အ၀တ်အစားတွေ ချွတ်ထားစရာ မလိုပါဘူး။ ထို အားကစားနည်းကိုတော့ ဂျပန် နိုင်ငံမှာ စတင်တည်ထွင်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး အမျိုးသားဖြစ်စေ ၊ အမျိုးသမီး ဖြစ်စေ ကိုယ်နဲ့ လိင်ဆက်ဆံမယ့် ပါတနာ မရှိပဲ လေထဲမှာ ပဲ လိင်ဆက်ဆံနေတဲ့ ပုံကို လုပ်ပြရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်နေစဉ်မှာတော့ ဂီတ သံစဉ်တွေနဲ့ ပံ့ပိုးပေးထားမှာ ဖြစ်ပြီး လှုပ်ရှားမှုတွေ ၊ Position တွေနဲ့ မျက်နှာအနေအထားတွေကိုတော့ လိုတာထပ်ပိုပြီး သဘာဝ ဆန်အောင် ချဲ့ကားဖန်တီးရမှာပါ။

Air Sex အားကစားနည်းဟာ အမေရိက မှာတော့ ၂၀၀၇ ခုနှစ်က စတင် ရေပန်းစားလာခဲ့တာဖြစ်ပြီး တစ်လကို ၂ ကြိမ် နှုန်းလောက်နဲ့ တက္ကဆက်ပြည်နယ် ၊ Austin မြို့က Alamo Drafthouse ဆိုတဲ့ခန်းမ မှာ ကျင်းပလေ့ရှိပါတယ်။ အမေရိက နိုင်ငံ တစ်ဝှမ်းမှာရှိတဲ့ ပြိုင်ပွဲဝင် အယောက် ၃၀ ၊ ၄၀ ခန့်ကတော့ ပြိုင်ပွဲကျင်းပ တိုင်းမှာ ပါဝင်ယှဉ်ပြိုင်လေ့ရှိကြပါတယ်။

ထို ပြိုင်ပွဲမှာတော့ အသက် ၃၄ နှစ်အရွယ် ဟာသ သရုပ်ဆောင် Chris Trew က အစီအစဉ်ကြေညာသူ အဖြစ် ပုံမှန် ဆောင်ရွက်ပြီး အခုလည်းထို ပြိုင်ပွဲကို Air Sex - The Movie ဆိုတဲ့ နာမည်နဲ့ပဲ မှတ်တမ်းရုပ်ရှင် တစ်ခု ဖန်တီးထုတ်လုပ်သွားဦးမယ်လို့ သိရပါတယ်။

"တစ်ကမ္ဘာလုံးက လိင်ဆက်ဆံတာနဲ့ပတ်သက်ရင် Serious ဖြစ်တတ်ကြပါတယ်။ဒါကြောင့်ပဲ ငါတို့ဟာ ဒီပွဲအတွင်းမှာ လုပ်ခဲ့တာကို ကျေနပ်နေကြတာပါ။ ငါတို့ဟာလည်း လိင်ဆက်ဆံခြင်းကို ထူးဆန်းတယ် ၊ အနှောင့်အယှက်ဖြစ်တယ် ၊ ရယ်ရတယ် လို့ သတ်မှတ်ပြီး ငါတို့ရဲ့ ရယ်စရာ ပြိုင်ပွဲအတွင်းမှာ ဖန်တီးမှု တွေကို လုပ်နိုင်ခဲ့တာပါ" လို့ Chris က ဆိုပါတယ်။

Chris ရဲ့ ပြောကြားချက်အရတော့ သူ့အနေနဲ့ ဒီပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်ခဲ့သူတွေနဲ့ တစ်ခါမှ လိင်ဆက်ဆံခဲ့ခြင်း မရှိပေမယ့် ပြိုင်ပွဲဝင် အချို့ကတော့ ပြိုင်ပွဲဝင်ပြီးတဲ့အခါမှာ ရည်းစားတွေ ဖြစ်သွားကြတာ ရှိသလို ၊ လက်ထပ်လိုက်ကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

( Mario )
သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
knowledge.thithtoolwin.com
Ref : Mirror
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment