ဂျာမနီနိုင်ငံမှ အသက် ( ၂၂)နှစ် အရွယ်ရှိ ဂျိုးမစ်ဂ်လာသည် မျက်နှာတစ်ခုလုံး အပေါက်တွေ ဖောက်ထားခြင်းကြောင့် ဂင်းနစ်စံချိန် တင်ရှိနိုင်ခဲ့ပြီ ဖြစ်သည်။ မျက်နှာပေါ်တွင်ရှိသည် အသားပေါ်တွင် အပေါက်အများဆုံး ဖောက်ထားသူအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။ ပါးပြင်နှစ်ဖက်တွင် ဖောက်ထားသော အပေါက်ကြီးသည် အလွန်ကြီးမားပြီး အပေါက်တစ်ပေါက်၏ အကျယ်မှာ အချင်း (၃၄) မီလီမီတာ ရှိသည်။ ယင်းအပေါက်များကို (၄၀) မီလီမီတာအထိ ရှိသည်။ ထို့ပြင် နှာခေါင်းနှင့် လျှာတို့တွင်လည်း အပေါက်များ ဖောက်ထားသည်။ ဂျိုးမစ်ဂ်လာသည် အသက် (၁၃) နှစ်အရွယ်မှ စတင်ပြီး အပေါက်ဖောက်ခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် နားပေါက်ကိုသာ ဖောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် အသားပေါ်တွင် အပေါက်များ ဖောက်ခြင်းကို စွဲလန်း နှစ်သက်လာခဲ့သည်။ ဆက်တိုက် ဆိုသလို အပေါက်များ ဖောက်ခဲ့ခြင်းကြောင့် မျက်နှာတွင် အပေါက်အများဆုံး ဖောက်ထားသူ ဖြစ်လာခဲ့သည်။ ပါးပြင်က အပေါက်ကြီးသည် အလွန်ကြီးသောကြောင့် အပေါက်နှစ်ပေါက်ကို မြင်တွေ့ နေရသည်။ အပေါက်နှစ်ပေါက်ကို ကြိုးထိုးသွင်းနိုင်သည်။ ထိုပြင် လိုလီပေါ့ သကြားလုံးကို အပေါက်ထဲမှ ထိုးသွင်းပြနိုင်ပြီး လျှာဖြင့် အပေါက်ကို ထိုးဖောက်ပြီးလည်း ပြနိုင်စွမ်း ရှိသည်။ ယင်းပြကွက်များသည် အားလုံးအတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။
ဂျိုးမစ်ဂ်လာသည် လမ်းသွားသည့်အခါ လူထူးလူဆန်းသဖွယ် စောင့်ကြည်ခံခဲ့ရသည်။ သို့သော် အင်တာနက်ပေါ်တွင် တင်ရှိသည့် ပုံများကြောင့် ကြမ်းတမ်းသည့် မှတ်ချက်များ ကြားခဲ့ရသဖြင့် စိတ်ပျက်ခဲ့ရသည်။ ဂျိုးမစ်ဂ်လာကမူ မိမိ၏ လုပ်ရပ်များကို မိခင်ဖြစ်သူကိုယ်တိုင် ထောက်ခံထားသောကြောင့် စိတ်ပျက်နေမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
The Messenger
0 comments:
Post a Comment