အမှိုက်ကားမောင်းသည့် ဖခင်ကို ဘွဲ့ဝတ်စုံဖြင့် သားကန်တော့

ဓာတ်ပုံ - ဘန်ကောက်ပို့စ်


အမှိုက်ကားမောင်းတဲ့ဖခင်ကို ဘွဲ့ဝတ်စုံနဲ့ ကန်တော့နေတဲ့ ဓာတ်ပုံကို ထိုင်းနိုင်ငံ ချူလာလောင်ကွန် တက္ကသိုလ်က ဘွဲ့ယူခဲ့တဲ့ သားဖြစ်သူက လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ် တင်ခဲ့ပါတယ်။
ဒီလိုတင်ခဲ့အပြီးမှာတော့ ဓာတ်ပုံတွေက လူမှုရေးကွန်ရက်မှာ ပျံ့နှံ့သွားပါတယ်။
ဓာတ်ပုံနဲ့အတူ ဖခင်က ထောက်ပံ့ပေးတာကို ကျေးဇူးတင်တဲ့အကြောင်း မကြာသေးခင်က ဘွဲ့ရခဲ့တဲ့ ကန်နာရောင် ဆီရီဆခုက ဖေ့စ်ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။
ငယ်ရွယ်တုန်းက အဖေအတွက် ရှက်ခဲ့ရတဲ့ အကြိမ်တွေ အများကြီး ရှိခဲ့ရသလို သူငယ်ချင်းဖခင်တွေ ၀တ်တဲ့ ရဲ၊ စစ်ဝတ်စုံတွေ ဘာကြောင့်မ၀တ်လဲလို့ အဖေ့ကို အကြိမ်ကြိမ် မေးခွန်းထုတ်မိတယ်လို့ ဆီရီဆခုက ရေးပါတယ်။
“အသက်ကြီးလာတော့ အဖေနဲ့သားက တူညီတဲ့ အိပ်မက်တွေ ရှိတယ်ဆိုတာကို ကျနော်သိလာတယ်။ သူက ၄ တန်းနဲ့ ကျောင်းထွက်ခဲ့ရပြီး သူ့ရဲ့အိပ်မက်က သားကို ပညာသင်ပေးဖို့ ဖြစ်တယ်” လို့ ဓာတ်ပုံတွေနဲ့အတူ ဆီရီဆခုက ရေးသားထားပါတယ်။
ဒီနောက်မှာတော့ သူဟာ စစ်သားဖြစ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျဆုံးခဲ့သလို အဖေက မငိုဘူး ထင်မှတ်ထားပေမယ့် တိတ်တဆိတ် ငိုကြွေးခဲ့တယ်ဆိုတာကို သိရတယ်လို့ သူက ရေးပါတယ်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းထွက်တဲ့အချိန် ဖခင်က ခွင့်ယူပြီး သွားကြည့်ခဲ့ကာ ဒါဟာ မိသားစုအတွက် ဂုဏ်ယူစရာ ဖြစ်တယ်လို့ ဆိုပါတယ်။
“စတုတ္ထနှစ်မှာတော့ သူ့ကို အဖေတော်ရတာ ရှက်သလားလို့ အဖေက မေးပါတယ်၊ ကျနော့်ဆီမှာ စကားလုံးတွေ မရှိတော့ပါဘူး” လို့လည်း ရေးပါတယ်။
အခုတော့ အစစအရာရာ ထောက်ပံ့မှုနဲ့ ကြိုးပမ်းအားထုတ်မှု၊ မျက်ရည်နဲ့အတူ မပျော်ရွှင် ဖြစ်ရတဲ့ အချိန်တွေအတွက် ကျေးဇူးတင်တယ်လို့ ရေးပါတယ်။
“ကျနော့်အတွက် နံပါတ် ၁ အဖေဖြစ်နေတဲ့အတွက် ကြာကြာရှက်စရာ မလိုတော့ပါဘူး၊ ကျနော် အဖေ့အတွက် ဂုဏ်ယူပါတယ်” လို့လည်း ဆီရီဆခုက ရေးပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment